အခန်း (၂၁၇) ဝက်တစ်ကောင်မှာတောင် သူ့တန်ဖိုးရှိတယ်

1.1K 127 0
                                    

အခန်း (၂၁၇) ဝက်တစ်ကောင်မှာတောင် သူ့တန်ဖိုးရှိတယ်

ဖန်လီထန်းက မျက်လုံးမဖွင့်ခဲ့ဘဲ တွေဝေစွာ ပြောလိုက်၏။ “ခုနတုန်းက ကောင်းကောင်း အိပ်ပျော်နေတာ”

“ဒီလိုလား” လုကျိုးက လက်ရမ်းလိုက်၏။

ရှောင်ယွမ်အာက အချက်ပြတာနားလည်သည်။ သူမက လက်သီးဆုပ်ပြီး ကြွက်သားများ ဆန့်လိုက်၏။ ပြီးနောက် မော့ကြည့်ကာ ပြောလိုက်တော့သည်။

“ရှစ်စွင်း ရှစ်စွင်းက တပည့်ကို အသက်ကြီးတဲ့သူ၊ အားနည်းတဲ့သူ၊ နေမကောင်းတဲ့သူ၊ နာမကျန်းဖြစ်တဲ့သူ၊ ဒုက္ခိတတွေကို မဖိနှိပ်ဖို့ပြောခဲ့တယ်မလား။ သူ့ကို ရိုက်ဖို့အတွက်က တပည့်အတွက် သင့်တော်ပါ့မလား”

“ငါပြောခဲ့လို့လား” လုကျိုးက ဇဝေဇဝါဖြင့်မေးလိုက်တော့၏။

“မဟုတ်ပါဘူး။ တပည့်အမှတ်မှားတာ”

ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်...

လေထဲတွင် အရိုးအဆစ်များ ချိုးသည့်အသံ ပေါ်ထွက်လာသည်။ ဖန်လီထန်းက တုန်တုန်ယင်ယင်ဖြင့် မျက်လုံးဖွင့်လိုက်၏။ သူက နောက်ဆုတ်သွားကာ ကြောက်လန့်တကြား ပြောလိုက်သည်။

“ကောင်မလေး ဒီအဘိုးကြီးက မင်းရဲ့လက်သီးချက်တွေကို ခံနိုင်မှာမဟုတ်ဘူး။ မလာနဲ့”

ယင်းက လုကျိုးလိုချင်သည့််အရာ ဖြစ်သည်။

ဟွားဝူတောက်က ဇဝေဇဝါဖြစ်သွားသည်။ သူသည် ဟွားယွဲ့ရှင်းကို အဝေးသို့ပို့ပြီး ပြန်ရောက်လာ သည့်အချိန်၌ သူတောင်းစားအိုကြီးက တောင်ပေါ်ရောက်နေပြီး ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းက သာမန်သူတောင်းစားတစ်ယောက် ဘာမှမလုပ်ဘဲ စားသောက်နေထိုင်နိုင်မည့် နေရာမဟုတ်ပေ။ နေ့ဝက်အချိန်ထိ  သူတောင်းစားကြီးကို သူလေ့လာခဲ့၏။ ထိုသူတောင်းစားအိုကြီးအကြောင်း ထူးကဲတာ ဘာမှမတွေ့နိုင်ပေ။ တစ်ခုတည်းသောအရာက သူတောင်းစားအိုကြီးသည် အင်မတန် အရှက်မဲ့ပြီး ရဲတင်းတာပဲဖြစ်သည်။

ရှောင်ယွမ်အာက ပြုံးပြီးပြောလိုက်၏။

"စိတ်မပူနဲ့ ကျွန်မရဲ့လက်သီးက မနာဘူး”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now