အခန်း (၂၃၆) ရှစ်စွင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ ပြန်လိုက်ခဲ့

1K 147 0
                                    

အခန်း (၂၃၆) ရှစ်စွင်းနဲ့ မျက်နှာချင်းဆိုင်ဖို့ ပြန်လိုက်ခဲ့

စီးဝူယာ့က သူ့စစ်ရှစ်ရှိုးအကြောင်း ကောင်းကောင်းသိလေသည်။ သူက မင်ရှစ်ရင်သည် သူ့ခြိမ်းခြောက်မှုအတိုင်း လိုက်မလုပ်ကြောင်း သိ၏။ စီးဝူယာ့ကို အမြဲတမ်း သတိကြီးသည်ဟု မည်သူက ပြောခဲ့သနည်း။ သူ စွန့်စားရသည့် အချိန်များလည်း ရှိလေသည်။ ဤသည်က ထိုအခိုက်အတန့်ထဲမှ တစ်ခု ဖြစ်၏။

မင်ရှစ်ရင်က စီးဝူယာ့ ကော်လံကို ဆွဲကာ ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူက စီးဝူယာ့ကို မဆင်မခြင် မတိုက်ခိုက်ပေ။ သူက စီးဝူယာ့ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

“ ဘာဖြစ်ဖြစ် ငါက မင်းရဲ့ ရှစ်ရှိုး ဖြစ်နေတုန်းပဲ … ငါ မလုပ်ခင် မင်းတို့အားလုံး မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်သွားရတဲ့ အကြောင်းအရင်းကို သိချင်တယ်”

သူ ပြောသည့် အားလုံးဆိုတာက တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးလည်း အပါအဝင် ဖြစ်၏။

စီးဝူယာ့က အပြုံးလေးနှင့် ပြောလာသည်။

“ ရိုးရိုးလေးပါပဲ။ ရှစ်စွင်းက ဒေါသကြီးတယ်။ ကျွန်တော်တို့ကလည်း ဂုဏ်သိက္ခာရှိတဲ့ လူသားတွေပဲ။ ဘယ်သူက အချိန်အကြာကြီး သည်းခံနိုင်မှာလဲ။ ကျွန်တော်တို့ လက်နက်နဲ့ ကျင့်စဉ်ကို ရတာနဲ့ ပြန်လှည့်မကြည့်ဘဲ ထွက်လာမှာပဲ ”

“ ငါ ယုံမယ်များ ထင်နေလား။ မင်းတို့က မိစ္ဆာဝေဟင်မျှော်နန်းအပေါ် သစ္စာဖောက်တာကို ဖြောင့်မတ်အောင် အပေါ်ယံ ဆေးသုတ်နေတာပဲ … ဘယ်တုန်းက ဒီလောက်အရှက်မဲ့လာရတာလဲ”

မင်ရှစ်ရင်က နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

“ ကိုယ့်မျက်ချေးကျ မမြင်ဘဲ သူများမျက်ချေးပဲ မြင်နေလို့  ဘယ်ဖြစ်မလဲ။ ရွှေနန်းဥယျာဉ်တောင်ကို ဂိုဏ်းကြီးဆယ်ဂိုဏ်း လာဝိုင်းတုန်းကလည်း ရှစ်ရှိုး အဲလိုအတွေးမျိုး တွေးခဲ့တာ မှတ်မိတယ်။ ကျွန်တော့်ကို မယုံလောက်ပေမဲ့ အဲတုန်းက ရွှေနန်းဥယျာဉ်တောင်ဆီ လာတိုက်ကြတဲ့ အများစုက ကျွန်တော့်သူလျှိုတွေပဲ … အဲတုန်းက ရှစ်ရှိုး ရှစ်စွင်းကို ဒေါသထွက်စေခဲ့တာလေ” စီးဝူယာ့က သူ့မျက်လုံးနှင့် မြင်တွေ့သလိုမျိုး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now