အခန်း (၃၂၅) ဒါဆိုအတူသေတာပေါ့

788 117 0
                                    

အခန်း (၃၂၅) ဒါဆိုအတူသေတာပေါ့

မော့လီ၏ အဝတ်အစားများသည် သူမ၏သွေးများဖြင့် နီရဲသွားလေ၏။ သူမ၏သွေးများသည် အနီတောက်တောက် အဝတ်အစားနှင့် ပြီးပြည့်စုံစွာ ရောယှက်သွား၏။ သူမမျက်လုံးများ ပြူးကျယ် နေသည်။ သူမက ခေါင်းမာနေသေးပြီး အလျှော့ပေးလိုဟန်မရှိပေ။

လူတိုင်းက မှင်တက်နေလေ၏။

ဒုတိယမင်းသားလျိုဟွမ်ကိုယ်တိုင်တောင် နေရာတွင် ကျောက်ရုပ်ပမာ ကြက်သေသေနေသည်။ မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်သည် မော့လီကို ထောက်ပံ့ပေးသည့်အကျော်အမော် တစ်ဦး ဖြစ်၏။ သူသည် မော့လီကို အဘယ်ကြောင့် ရုတ်တရက်တိုက်ခိုက်ရသနည်း။ စိတ်ထဲ၌ မေးခွန်းများစွာ ပေါ်ထွက်လာသော်ငြား ပါးစပ်ကနေတော့ ထုတ်မပြောနိုင်ပေ။ ဒေါသများက သူ့ကို ဆို့နစ်စေ၏။ ဖန်းရှုဝမ်က သူချစ်မြတ်နိုးရသည့် ကိုယ်လုပ်တော် သူ၏ အံ့ဩဖွယ်  ကူညီထောက်ပံ့ပေးသည့် သူကို ဓားထိုးခဲ့၏။ သူသည် ဒေါသကြောင့် တုန်လှုပ်လာတော့သည်။

မော့လီကလည်း ဝေခွဲမရဖြစ်နေ၏။ သူမသည် အသက်ဘေးမှ လွတ်မြောက်လာခါစ ဖြစ်၏။ သူမက အစာအိမ်ထဲကနေ စီးကျလာသည့်သွေးများကို ကြည့်လိုက်သည်။ သူမက အမြန် လက်ဝှေ့ယမ်းလိုက်၏။ သူမသည် ဂါထာအချို့ကို ရွတ်ဆိုရန် လက်ချောင်းကို ရှေ့နောက် လွှဲရမ်းလိုက်သော်ငြား ဘာမှဖြစ်မလာပေ။

အဆုံးသတ်ဆယ်ပါးအစီအရင်ထဲ၌ မော့လီတောင် သေမျိုးတစ်ဦး ဖြစ်နေ၏။ သူမက ရယ်မောလိုက်သည်။ သူမက အဆုံးသတ်ဆယ်ပါးအစီအရင်ထဲတွင်ရှိနေကြောင်း မေ့လျော့သွားမိသည်။ သူမက ဖန်းရှုဝမ်ကို ကြည့်ပြီး ငွေရောင်မျက်နှာဖုံးကို မြင်လိုက်ရကာ သတ်ဖြတ်လိုစိတ်များ တလက်လက် ထနေသည့်မျက်ဝန်းကို မော့ကြည့်လိုက်မိ၏။ အကြည့်က သူမကို တုန်ယင်သွားစေသည်။

“အဲဒါရှင်လား” မျက်ဝန်းများသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ပြတင်းပေါက်ပဲ ဖြစ်သည်။ သူမက ထိုမျက်ဝန်းတစ်စုံကို မြင်သောအခါ သူမရှေ့တွင် ရပ်နေသည့်သူက ပေနက်လွှာထိပ်တွင်ရှိခဲ့ဖူးသည့် ယခင်ဖန်းရှုဝမ် လန်လော့ဖြစ်ကြောင်း မော့လီ သိလိုက်သည်။ လန်လော့သည် မဟူရာ စစ်သည်တော်များ၏ စခန်းထဲသို့ ဖောက်ဝင်ပြီး ဖန်းရှုဝမ်အတုကို သတ်ခဲ့ပြီးတာကြာပြီဖြစ်၏။ ပြီးနောက် သူက ဖန်းရှုဝမ် အယောင်ဆောင်လိုက်သည်။ မိမိကိုယ်ကို ပြန်တုပရခြင်းက ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now