အခန်း (၂၄၄) သူ့သဘောပဲ

1K 141 0
                                    

အခန်း (၂၄၄) သူ့သဘောပဲ

ကျောင်းယွဲ့က ဒေါသထွက်လာမိသည်။ သူမ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ဒေါသထွက်ဖူးခြင်း ဖြစ်၏။ သူမ မျက်နှာထက် ခက်ထန်သည့် အမူအရာကို ဆင်မြန်းရင်း ခန်းမကျယ်ဘက် ဦးတည်လာသည်။

သူမက ခန်းမကျယ်ထဲ ဝင်တော့မည့်ဆဲဆဲတွင် မင်ရှစ်ရင်က ရုတ်ခြည်း ပေါ်လာကာ  “ ဝူရှစ်မေ့ ဘာကိစ္စဖြစ်လို့လဲ ”

“ စစ်ရှစ်ရှိုး ဒီမှာကြည့်ပါဦး ” ကျောင်းယွဲ့က လက်ဝှေ့လိုက်သည့်အခါ ညင်သာသည့် စွမ်းအားလှိုင်းလေးက စာကို မင်ရှစ်ရင်ဆီ ယူဆောင်ပေးသွားသည်။

မင်ရှစ်ရင်က စာကို ဖွင့်ကာ ဖတ်လိုက်သည်။ စာကို ဖတ်ပြီးနောက် သူ့မျက်နှာအထက် အမူအရာအမျိုးမျိုး ဖြစ်ပေါ်လာသည်။ သူ စာကို ဖတ်ပြီးသည်နှင့် တန်းကျိန်ဆဲလိုက်သည်။

“ အဲဒီအဘိုးကြီး လော့ရှင်းခုံက ငါတို့ကိုများ ရွံ့စရာတွေလို့ ခေါ်ရဲတယ်ပေါ့လေ။ သူကများ ပဒုမ္မာစင်မြင့်မှာ အသေတိုက်ဖို့  မိစ္ဆာဝေဟင်မျှော်နန်းကို စိန်ခေါ်ရဲတယ်ပေါ့  ”

“ အာ .. ဒါက ဘာလဲ” မင်ရှစ်ရင်က စာအောက်ခြေမှ ဘဲဥပုံ သင်္ကေတကို သတိထားမိသွားသည်။ ဘဲဥပုံအတွင်း ပုံမှန်မဟုတ်သည့် မျဉ်းကြောင်းများအပြည့် ဖြစ်နေသည်။ သူက ထူးဆန်းသည်ဟု ထင်မိ၏။ အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူက သဲလွန်စ စိုးစဉ်းမျှ မတွေ့ခဲ့ပေ။

ကျောင်းယွဲ့က ပြောလိုက်သည်။

“ ရှစ်ရှိုး ဒီကိစ္စကို ရှစ်စွင်းဆီ အကြောင်းကြားမှ ဖြစ်မယ် ”

“ ဟုတ်တယ်”

နှစ်ယောက်သား ခန်းမကျယ်ထဲ ဝင်လာလိုက်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် ရှောင်ယွမ်အာလည်း ခန်းမကျယ်ထဲ ရှိနေလေသည်။ သူမက နိဗာနခါးစည်းနှင့် အကျွမ်းတဝင် ဖြစ်လာစေရန် လေ့ကျင့်နေသည်။

“ ရှစ်ရှိုး၊ ရှစ်ကျဲ ဒီမှာကြည့်ပါဦး … ညီမရဲ့ နိဗာနခါးစည်းက အရင်ထက် ပိုအားကောင်းလာပြီ ”

ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်သားပဲ …ဟုတ်တယ် ” မင်ရှစ်ရင်က ရှောင်ရှစ်မေ့နှင့် စကားပြောနေဖို့ အချိန်မရှိချေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now