အခန်း (၂၃၈) ယွီရှန်းရုန်၏ သဘောထား

1K 157 0
                                    

အခန်း (၂၃၈) ယွီရှန်းရုန်၏ သဘောထား

ပြန့်လာသော စွမ်းအားကြောင့် မင်ရှစ်ရင်က အံ့အားသင့်သွားလေသည်။ သို့သော်လည်း သူက ခုခံဖို့ ပြင်ဆင်ထား၏။ သူက ငရဲဂိုဏ်း၏ ကာကွယ်သူလေးယောက်ထဲမှ ပွင့်ချပ်ခုနှစ်လွှာအဆင့် ကာကွယ်သူ တစ်ယောက်တွင် လှည့်ကွက် တစ်ခု၊ နှစ်ခုတော့ ရှိမည်မှန်း မှန်းဆထားသည်။ သူက လေထဲ လွင့်စဉ်သွားပြီးနောက် မီတာရာချီ ကွာဝေးပြီးမှ ခြေပြန်ထိန်းနိုင်သွားသည်။ ထိုသို့ဆိုလျှင်ပင် ပြန့်လာသည့် စွမ်းအားများက သူ့ချီနှင့် သွေးများ  ထွက်လာစေသည်။ သူက ထုံထိုင်းသွားလေ၏။ အကယ်၍ သူသာ သတိလက်လွတ်နေမိခဲ့လျှင် ဒဏ်ရာရသွားနိုင်သည်။ သူက လေထဲမှ နေရင်း ပိုင်ယွီချင်းအား ကြည့်လိုက်သည်။

ထိုစဉ် ပိုင်ယွီချင်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်သိမ်းပြီးသွားလေပြီ။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ပိုင်ယွီချင်းက မင်ရှစ်ရင်ကို အနိုင်ရ၍ အောင်မြင်မှုမျိုးကို မခံစားရပေ။ ထို့အစား သူက အံ့အားသင့်မိ၏။ သူက မင်ရှစ်ရင်၏ အင်အားကို သေချာ မတိုင်းတာနိုင်ခဲ့သောကြောင့် မင်ရှစ်ရင်အနေနှင့် အားကုန်ထုတ်မတိုက်ဘဲ ထိန်ချန်ထားသည်ဟု ခံစားနေရသည်။ သူက တစ်ဖက်လူကို အနိုင်ယူခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိသော်လည်း အံ့ဩနေမိဆဲ ဖြစ်သည်။ အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းကို ကြောက်ကြသည့် အကြောင်းအရင်းတစ်ခု ရှိနေပုံပေါ်သည်။ မိစ္ဆာဝေဟင်မျှော်နန်းသည် ပြင်ပလောကကို လွှမ်းမိုးနိုင်စွမ်း ကြီးလှသည်ဟူသော ကောလာဟလများမှာ အခြေအမြစ် မရှိပုံပေါ်သည်။

“ ကျုပ်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ ” ပိုင်ယွီချင်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“လောင်ချီ … မင်းကို တကယ် လျှော့တွက်မိတာပဲ။ မင်းဆီမှာ ဒီလိုမျိုး ကူဖော်လောင်ဖက် ရထားလိမ့်မယ်လို့ မထင်ထားမိဘူး ” မင်ရှစ်ရင်က လေထဲ ပျံဝဲလိုက်သည်။

စီးဝူယာ့က ပြောလိုက်သည်။  “ စစ်ရှစ်ရှိုး ဘာကြောင့် ဒီလိုလုပ်နေရတာလဲ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Hikayelerin yaşadığı yer. Şimdi keşfedin