အခန်း(၃၁၈) ကျန်းအိုက်ကျန့်၏ အစီအစဉ်ကို ထိုးဖောက်မြင်ခြင်း

870 116 0
                                    

အခန်း(၃၁၈) ကျန်းအိုက်ကျန့်၏ အစီအစဉ်ကို ထိုးဖောက်မြင်ခြင်း

လုကျိုးက ရူပေ့မြို့ တည်းခိုဆောင်တစ်ခုအတွင်း နေသည်။ နေရောင် လုံးဝပျောက်ကွယ်မသွားသေးသော်လည်း သူက ရှောင်ယွမ်အာကို ပြောလိုက်သည်။

“ ကျန်းအိုက်ကျန့်ဆီ ဒီလာတွေ့ဖို့ စာပို့လိုက်”

“ ရှစ်စွင်း သူ လာမှာလား ”

“ အနီးအနားက သတင်းအချက်အလက်စခန်းဆီ သွားပြီး သေမျိုးတစ်ယောက်ကို စာပို့ခိုင်းလိုက် ” လုကျိုးက ပြောလိုက်သည်။

“ အာ ” ရှောင်ယွမ်အာက ထူးဆန်းသည်ဟု ထင်မိသည်။ ပြောရလျှင် သတင်းပို့ငှက်က ပိုမြန်သည်မှာ သိသာလေသည်။

သူတို့က ဘာလို့သေမျိုးတွေဆီကနေ စာပို့ရတာလဲ …

“သွားတော့”

“ ဟုတ် ” ရှောင်ယွမ်အာက တည်းခိုဆောင်မှ ထွက်လာလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ ပြတင်းပေါက်နား လျှောက်လာပြီး ရူပေ့မြို့အား ကြည့်လိုက်သည်။

ရူပေ့နှင့် ယူနန်တို့က တစ်မြို့တည်း ဖြစ်လေသည်။ သူတို့ကြား ကွာခြားချက် သိပ်မရှိပေ။ ကျန်းအိုက်ကျန့်ကို သိထားသလောက် သူ့အနေနှင့် အံ့ဖွယ်မြို့တော်ထဲတွင် တစ်ချိန်လုံး နေနေမည် မဟုတ်ချေ။

ရှောင်ယွမ်အာက လုပ်စရာရှိတာလုပ်ပြီးနောက် တည်းခိုဆောင်ဆီ ပြန်ရောက်လာသည်  “ ရှစ်စွင်း ပို့ပြီးသွားပါပြီ ”

“အမ်း … မင်း သွားနားလိုက်တော့ ”

ကောင်းကင်ယံ၌ ကြယ်တာရာများ ထွန်းလင်းနေသော်လည်း လုကျိုးက မအိပ်ပေ။ ထို့အစား သူက တစ်ညတာလုံး ကောင်းကင်ကျမ်း လေ့လာဆင်ခြင်ခြင်းဖြင့် အချိန်ကုန်ဆုံးလိုက်သည်။

နောက်တစ်ရက် မနက်စောစော၌

ဒေါက် ဒေါက် …

လုကျိုး အခန်းတံခါးအား တစ်ယောက်ယောက် လာခေါက်လေသည်။

“လောင်ချန်းပေ့ ကျွန်တော်ပါ ”

လုကျိုးက မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်သည်  “ဝင်ခဲ့ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Unde poveștirile trăiesc. Descoperă acum