အခန်း (၃၅၁) အဝိုင်းခံထားရတာ ဘယ်လိုခံစားရလဲ

859 124 1
                                    

အခန်း (၃၅၁) အဝိုင်းခံထားရတာ ဘယ်လိုခံစားရလဲ

အသက်ရှည်ဆေးလုံး ... ၎င်းတို့၏အမည်အတိုင်းပင် ၎င်းတို့က လူတစ်ယောက်၏သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော ဆေးလုံးများဖြစ်သည်။ သူတို့သည် အင်မတန်ကြမ်းတမ်းသော ပတ်ဝန်းကျင်၌ အသေးစိတ်စေ့စေ့စပ်စပ်ပြုလုပ်ထားသော ဖြစ်စဉ်ကနေ အစွမ်းထက်သော ကျင့်ကြံသူများက အင်မတန်ရှားပါးသောကုန်ကြမ်းများဖြင့် သန့်စင်ဖော်စပ်ထားသည်ဟု ကောလဟလရှိသည်။

ဆေးလုံးများသန့်စင်ဖော်စပ်ခြင်းကို အထူးပြုလုပ်သော ဆေးလုံးများ အမြုတေနှလုံးသားဂိုဏ်းကတောင် နှစ်တစ်ထောင်လျှင် လက်တစ်ဆုပ်စာ အသက်ရှည်ဆေးလုံးများသာ သန့်စင်ဖော်စပ်နိုင်စွမ်း ရှိခဲ့သည်။

ကျင့်ကြံခြင်းလောကထဲတွင် အချို့သောဂိုဏ်းများက ထိုဆေးလုံးများ ဖော်စပ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ အသက်ရှည်ဆေးလုံးတစ်လုံးသည် လူတစ်ယောက်၏သက်တမ်းကို အနှစ်တစ်ရာ ဆန့်ပေးနိုင်၏။ သို့သော်ငြား အာနိသင်သည် အသုံးပြုသူက အသက်ပိုကြီးလာလေ ယိုယွင်းလာလေဖြစ်၏။ ထို့ကြောင့် အသက်ရှည်ဆေးလုံးကတောင် ကျင့်ကြံသူများကို အနှစ်တစ်ထောင်အကန့်အသတ်ကို ကျော်လွှားအောင် မကူညီပေးနိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ အသက်ရှည်ဆေးလုံးများသည် ကျင့်ကြံသူများစွာက လိုချင်တောင့်တနေသည့်အရာ ဖြစ်နေသေး၏။ ဆိုရလျှင် ကျင့်ကြံသူများက သူတို့အကန့်အသတ်အထိ အမှန်တကယ် အသက်ရှင်နိုင်ကြတာ မဟုတ်ပေ။

“ဒီကိုယူလာခဲ့” လုကျိုး၏အသံက အမိန့်သံပါပြီး နက်ရှိုင်းသည်။

လီယွင်ကျောက်က ပိုးသေတ္တာကို မင်ရှစ်ရင်အားပေးလိုက်ရာ မင်ရှစ်ရင်က ဂရုတစိုက် လက်ခံရယူပြီး ၎င်းကိုသူ့ရှစ်စွင်းရှေ့ရှိစားပွဲပေါ်တင်ထားလိုက်သည်။ သူ့၏ရှစ်စွင်းက မျက်လုံးမှိတ်ထားလျက် အနားယူနေတာကို မြင်သောအခါ သူက မနှောင့်ယှက်ရဲချေ။

“ကျွန်တော်သွားပါတော့မယ်” လီယွင်ကျောက်၏တာဝန်က ပြီးမြောက်သွားပြီဖြစ်သည်။ သူက အရှေ့ဖက်မျှော်နန်းထဲကနေ ထွက်သွားလေ၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Место, где живут истории. Откройте их для себя