အခန်း (၂၇၇) ရှစ်စွင်းရဲ့နောက်ဆုံးမီးစာလား
ယွီရှန်းရုန်က ပိုတောင်သိချင်စိတ်ဖြစ်သွားလေ၏။ သူက အနားပိုကပ်သွားလိုက်၏။ ခေါင်မိုးပေါ်သို့ ငှက်မွှေးလေးတစ်မျှင်ပမာ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူက သတိထားလျက် သူ၏အရှိန်အဝါကို အပြည့်အဝ ရုပ်သိမ်းလိုက်တော့သည်။ သူက အပြာရောင်အလင်းဖျော့ဖျော့ ထွက်ပေါ်ရာကို ဇဝေဇဝါဖြင့်ကြည့်နေလေ၏။ ထိုကဲ့သို့အရာမျိုးကို ယခင်ကတစ်ခါမှမတွေ့ဖူးပေ။ ယင်းက အရံအတားစွမ်းအားဟု ခံစားမိသော်ငြား ထိုသို့မဟုတ်ပေ။ အလင်းစက်ငယ်လေးများက မိုးကုပ်စက်ဝိုင်းဆီသို့ စတင်ရွေ့နေသည်။ သူကြည့်နေသော်ငြား လက်ဖြင့်၎င်းတို့ကိုထိရန် လက်ဆန့်ထုတ်လိုက်မိသည်။
ရုတ်တရက်တွင် အလင်းစက်များနှင့်အတူ နက်ရှိုင်းသည့်အသံတစ်သံက ပေါ်လာ၏။
“အဲမှာဘယ်သူလဲ”
ပိုးစုန်းကြူးလေးများက စွမ်းအင်ထဲချက်ချင်းသိပ်သည်းသွားသည်။ အသံလှိုင်းဖြင့်ပေါင်းစည်းကာ အထက်သို့တက်လာလေ၏။
ယွီရှန်းရုန်က အငိုက်မိသွားသော်ငြား သူကဲ့သို့သိုင်းပညာရှင်တစ်ဦးက ကာကွယ်ခြင်းစွမ်းအင် အလိုအလျောက် သုံးနိုင်၏။ အန္တရာယ်ချဉ်းကပ်လာသည်ကို ခံစားမိသည်နှင့် သူ၏ကာကွယ်ရေးစွမ်းအင်ကို အလိုလို ထုတ်သုံးမိသွားသည်။
ဘန်း
ယွီရှန်းရုန်က မျက်မှောင်အနည်းငယ်ကျုံ့သွား၏။ ၎င်းကို လက်ဖဝါးဖြင့်ရိုက်ရန်ကြိုးစားပြီးနောက် နောက်ဆုတ်လိုက်တော့သည်။
အခန်းထဲတွင် လုကျိုးက မျက်လုံးဖွင့်လျက် မော့ကြည့်လိုက်၏။
သူက တရားထိုင်နေစဉ်သူ့နားတစ်ဝိုက်အဖြစ်အပျက်များကို ဝေဝါးဝါးအာရုံခံနိုင်သည်။ သူ့အထက် ကြယ်အလင်းပေါ်လာသည့်နေရာက အလွန်ထိလွယ်ရှလွယ်သည့်နေရာဖြစ်နေ၏။
ယွီရှန်းရုန်က ၎င်းကိုထိမိသွားသည့်အခါ လုကျိုးကတစ်စုံတစ်ယောက်၏ တည်ရှိမှုကိုချက်ချင်း အာရုံခံမိသွားသည်။ သူသည် အစောတုန်းက ပေါ်လာသည့် လုပ်ကြံသတ်ဖြတ်သူအကြောင်း တွေးမိသောအခါ တွေဝေမနေဘဲခေါ်လိုက်၏။
YOU ARE READING
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...