အခန်း (၃၃၀) ပွင့်ချပ်ရှစ်လွှာအဆင့် ထိပ်သီးကျင့်ကြံသူတွေက ဘာလို့အားကောင်းကြတာလဲ

782 110 0
                                    

အခန်း (၃၃၀) ပွင့်ချပ်ရှစ်လွှာအဆင့် ထိပ်သီးကျင့်ကြံသူတွေက ဘာလို့အားကောင်းကြတာလဲ

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လေထဲပျံသန်းရင်း အကွာအဝေးတစ်ခုအကွာမှ မျက်နှာချင်းဆိုင် ရပ်နေကြသည်။

သူတို့ဓားသွားများက စွမ်းအားများကြောင့် တုန်ခါနေ၏။

ဝှီး

နှစ်ယောက်လုံးက တစ်ပြိုင်နက်‌ ပျောက်ကွယ်သွားကြသည်။ နောက်စက္ကန့်ပိုင်းလေး၌ သူတို့က ပြန်ပေါ်လာကြပြီး သစ်ရွက်ရာချီကန်ပေါ်တွင် တိုက်ခိုက်နေကြလေပြီ။

သူတို့ ထိပ်တိုက်တွေ့မှုကြောင့် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူတို့စွမ်းအားများက ရေကိုပင် ခွဲသွားမည့် ရွှေရောင်ဓားသွားအလား ရေကန်ထဲ ကျရောက်လာသည်။

သစ်ရွက်ရာချီကန်က နှစ်ပိုင်းကွဲသွားတော့မည့်အလား ရေများလည်း လေထဲ မြင့်တက်လာသည်။

ခဏအကြာတွင် လေထဲ စွမ်းအားဓားများစွာဖြင့် ပြည့်နှက်လာကာ ယွီရှန်းရုန်ဆီ ဦးတည်သွားလေသည်။ ဓားသွားတိုင်းက မဆုတ်မနစ် ဆက်တိုက်တိုးဝင်လာကြသည်။ သိပ်သည်းစွာစုဝေးထားသည့် ဓားသွားများက သူ့ဆီ ဝိုင်းလာသည်။ သူက မျက်လုံးပိတ်ထားလျက် ဓားသွားများကြား ရစ်ဝဲနေလေ၏။ အခြားအသံများအတွက် နားကိုပင် ပိတ်ထားသလို ဖြစ်နေသည်။ စွမ်းအားဓားများက သူ့ဆီမှ အရာအားလုံး ယူဆောင်သွားသလို ဖြစ်၏။

စီးဝူယာ့က မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။ သူက ဒီမှာနေနေ၍ မဖြစ်ပေ။ သူက တိုက်ပွဲကို တခြားနေရာမှ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

သူတို့က ဘာလို့ အဲလိုလုပ်နေကြတာလဲ .. ကမ္ဘာဦးချီ အသုံးမပြုဘဲ ကောင်းကောင်းမွန်မွန် စကားပြောရင် ရပြီ မဟုတ်ဘူးလား …

စီးဝူယာ့က တခြားဘက် ဦးတည်လိုက်သည်။ သူက တစ်ချက်ခုန်လိုက်သည့်အခါ မိုင်များစွာအဝေးသို့ ရောက်သွားလေသည်။ ထိုနေရာတွင် တင်ပျဉ်ခွေလျက် ထိုင်ချလိုက်သည်။ သူက အသက်ရှုနှုန်းကို ထိန်းကာ တရားထိုင်ဖို့ ကြိုးစားလိုက်သည်။ ရံဖန်ရံခါတော့ တိုက်ပွဲကို လှမ်းချောင်းကြည့်လိုက်မည်။ သူက ရေရွတ်လိုက်သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now