အခန်း(၃၄၂) ယွီရှန်းရုန်ကို လမ်းညွှန်ပြသခြင်း

1K 125 0
                                    

အခန်း(၃၄၂) ယွီရှန်းရုန်ကို လမ်းညွှန်ပြသခြင်း

“ မြောက်ဘက်မြို့တော် ဓားပါရမီရှင် ကုန်းယွမ်တုက အရှင်ဘုရင်ဓားကို ကိုင်တယ်လို့ ပြောလို့ရတယ် …” လုကျိုးက မုတ်ဆိတ်သပ်ရင်း ပြောလိုက်သည်။

“ ဧကရာဇ်လျိုကောလည်း အရှင်ဘုရင် ဓားကို ကိုင်တယ် … ”

မျှော်နန်းမှ လူများ ကြားသည့်အခါ သူတို့က နားမလည်ဖြစ်သွားကြသည်။ သူတို့က ကုန်းယွမ်တု၏ ဓားအရည်အချင်းကို မြင်ဖူးကြလေသည်။ ကုန်းယွမ်တုက အမှန်တကယ် အံ့ဩလောက်ဖွယ် ကောင်းလှ၍ ပါရမီရှင်ကြားမှ ပါရမီရှင် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ ထိုသို့ဆိုလျှင်ပင် ကုန်းယွမ်တုသည် ယွီရှန်းရုန်ကို အနိုင်ပိုင်းနိုင်လိမ့်မည်ဟု မထင်ပေ။ သူသည် ထိပ်တန်း ပါရမီရှင် ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

မျှော်နန်းသခင်က ကုန်းယွမ်တုကို တတိယအဆင့် လူအဖြစ် ဘာလို့ သတ်မှတ်နေရတာလဲ …

ဧကရာဇ်လျိုကောက သူ့ဓားဖြင့် နယ်မြေများကို အုပ်စိုးခဲ့လေသည်။ သူက အရှင်ဘုရင်ဓားကို ကိုင်ဆောင်သည်မှာ အမှန်ဖြစ်၏။ သို့သော်လည်း ထိုလူနှစ်ယောက်လုံးက သေဆုံးသွားကြလေပြီ။

သေလူကို အသက်ရှင်နေသူနှင့် နှိုင်းယှဉ်ခြင်းက လွန်လွန်သွားသည် မဟုတ်ပါလော။ အတိတ်တုန်းက သူရဲကောင်းများစွာ ရှိခဲ့ဖူးလေသည်။ အသက်ရှင်နေသည့် မည်သူက  သူတို့က ပိုသာသည်ဟု ပြောရဲမည်နည်း။

ယွီရှန်းရုန်က ပြန်မဖြေခင် ဟွားဝူတောက် သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ဝင်မေးလိုက်သည်။

“မျှော်နန်းသခင် ဒီလိုဆိုရင် လက်ရှိ ဧကရာဇ် ချန်လွီလည်း ရှင်ဘုရင်ဓား ကိုင်ဆွဲတယ် ဖြစ်မနေဘူးလား”

လုကျိုးက မုတ်ဆိတ်သပ်လိုက်ရင်း ခေါင်းခါလိုက်သည်။  “အဲလိုအတိအကျတော့ မဟုတ်ဘူး”

“ မျှော်နန်းသခင် ကျုပ်တို့ကို သင်ပြပေးပါဦး” ဟွားဝူတောက်က ဦးညွှတ်လိုက်သည်။

“ ဧကရာဇ်လျိုကောက တိုင်းပြည်ကို အုပ်စိုးပြီး တာ့ယန်ကို တည်ထောင်ခဲ့တဲ့သူပဲ။ အခုဧကရာဇ်က ပလ္လင်ကို ဆက်ခံထားရုံလောက်ပဲ။ သူ့ကို ရှင်ဘုရင်ဓား ကိုင်ဆွဲတယ်လို့ မသတ်မှတ်နိုင်ဘူး ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now