အခန်း (၂၆၃) ကျောက်စိမ်းကဲ့သို့တောက်ပသောလ

1K 149 0
                                    

အခန်း (၂၆၃) ကျောက်စိမ်းကဲ့သို့တောက်ပသောလ

ပြောင်မြောက်ခြင်းကျောက်စိမ်းကျင့်စဉ်သည် စိတ်ဝင်စားစရာကောင်းသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ကျောင်းယွဲ့ကိုယ်တိုင် ထိုကျင့်စဉ်ကိုရွေးချယ်ထားတာဖြစ်၏။

ခွန်အားအပြည့်ဖြင့်သူမက လှည့်ပတ်သည့်နည်းလမ်းကို အသုံးပြုခဲ့လျှင် သူမခန္ဓာကိုယ်၏ အပေါ်ယံတွင် ဖောက်ထွင်းမြင်နေရသော ရေခဲမြူတစ်လွှာဖြင့် ရစ်ပတ်ခံထားရသည့်ပုံ ပေါ်လာလိမ့်မည်။ ခန္ဓာကိုယ်အပြင်ဖက်ရှိ ကနဦးချီက စွမ်းအင်အဖြစ်ပြောင်းလဲသွားသည့်အချိန်၌ ကနဦးချီက အပူနှင့်အအေးကြားကူးပြောင်းမှုတစ်ခုရှိလာလိမ့်မည်။

ကျောင်းယွဲ့ကမတော်တဆတစ်ခုကြုံတွေ့ခဲ့တာသိသာ၏။ သူမကျင့်ကြံပုံက ဘာမှမမှားပေ။ သို့သော် သူမကစိတ်မရှည်ဖြစ်လွန်းပြီး ရလဒ်ကိုမြင်ရန်စိတ်လောနေခဲ့၏။ အအေးဓာတ်ကို တွန်းလှန်ရန် လုံလောက်သည့်ကာကွယ်ခြင်းစွမ်းအင်မရှိဘဲ သူမကအတင်းအဓမ္မကျင့်ကြံခဲ့လျှင် ပြင်းထန်သည့်နာကျင်မှုကိုသာခံစားရရုံရှိသည်။

လုကျိုးက ကျောင်းယွဲ့ရှေ့၌ ရပ်ကာသက်ပြင်းချပြီးပြောလိုက်၏။ "အကြောင်းပြချက်က...”

“တပည့်အမှားတစ်ခုလုပ်မိပါတယ်။ တပည့်အဆင့်တက်ဖို့ဒီလောက်စိတ်မလောသင့်ဘူး”

ကျောင်းယွဲ့ကခေါင်းငုံ့ထားလိုက်၏။

“ဒါပဲလား”

“တ တ တပည့် မ မပြောရဲပါဘူး” ကျောင်းယွဲ့က စကားထစ်နေ၏။

“ပြော”

ကျောင်းယွဲ့သည် စိုးရိမ်ကြောင့်ကြနေသော်ငြား ခေါင်းညိတ်ကာပြောလိုက်၏။

“တပည့် ဘာဖြစ်မှန်း မသိဘူး။ ပြီးပြည့်စုံတဲ့ကျင့်စဉ်ကို စကျင့်ကြံချိန်ကစပြီး တပည့်ရဲ့ကနဦးချီစီးဆင်းမှုက မငြိမ်သက်  တော့ ဘူး။ အရင်ကလောက် မြန်မြန်ဆန်ဆန်မကျင့်ကြံနိုင်တော့ဘူး”

ထိုစကားကိုကြားသည့်အချိန်၌ လုကျိုးက ဇဝေဇဝါဖြစ်သွားလေ၏။ သူ၏ ကျန်သည့်တပည့်များထံတွင် ထိုကဲ့သို့အရာမဖြစ်ဘူးပေ။ အမှန်တကယ်တွင် ကျန်သည့်တပည့်များက ပြီးပြည့်စုံသည့် ကျင့်စဉ်များ ရရှိပြီးသည့်နောက် ပိုမြန်ဆန်သည့် ကျင့်ကြံခြင်းအရှိန်တစ်ခု ရလာကြသည်။ ကျောင်းယွဲ့  သည် မျှော်နန်းထဲသို့ရှောင်ယွမ်အာ ဝင်မလာခင် မျှော်နန်းသို့ဝင်လာခဲ့တာပဲဖြစ်၏။ သူမသည် ရှောင်ယွမ်အာလောက် ပါရမီ မထူးလျှင်တောင် အနည်းဆုံးတော့ထိုမျှနောက်ကောက်မကျသင့်ပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now