အခန်း (၂၇၈) ကောင်းကင်စွမ်းအားနှင့် ဆန့်ကျင်ခြင်း

976 138 0
                                    

အခန်း (၂၇၈)  ကောင်းကင်စွမ်းအားနှင့် ဆန့်ကျင်ခြင်း

လုကျိုးက သာမန်လူအိုကြီးလိုမျိုး နေမင်းကို မော့ကြည့်ရင်း နေပူဆာလှုံနေသည်။ သူက ခြံဝန်းအလယ်ဆီ လျှောက်လာရင်း အကြောဆန့်လိုက်သေး၏။

ချင်ကျွင်းနှင့် အခြားလူများက ကြောက်လန့်တကြား မျက်လုံးပြူး မျက်ဆefပြူး ဖြစ်လာကြသည်။ သူတို့က မြေပေါ် အမြစ်တွယ်နေသည့်အလား မလှုပ်မယှက် ရပ်နေကြသည်။ သူတို့က တုန်ယင်နေသည့် ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ပေ။

လုကျိုး မျက်နှာအထက် တည်ငြိမ်သည့် အမူအရာကို မြင်တွေ့နေရသည်။ ဒေါသအရိပ်အယောင် နည်းနည်းလေးမှ မရှိနေပေ။ သို့သော်လည်း ဒေါသလစ်ဟာနေခြင်းက ထိုလူနှစ်ယောက်အတွက် ပိုကြောက်ဖို့ကောင်းလေသည်။

သူတို့ ငိုချင်လာလေပြီ။

ရှောင်ယွမ်အာက လုကျိုးဘေးနား ရောက်လာသည်။ သူမက ပြုံးလိုက်ကာ  “ ရှစ်စွင်း … ဒါပြီးသွားရင် တပည့် နေ့တိုင်း ရှစ်စွင်းကျောကို နှိပ်ပေးမယ် ”

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ သူက သူမသည် သင်ပေးဖို့ ထိုက်တန်သည်ဟု တွေးမိသည်။ ဒီမိန်းမငယ်လေးက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့လေပြီ။

ချင်ကျွင်းက ဆက်မတောင့်ခံနိုင်တော့ဘဲ ဒူးထောက်လျက်သား လဲကျသွားသည်။

ယခုမှ ရောက်လာကြသည့် ချင်ရှောနှင့် ချင်လော့ပင်းတို့လည်း ကြောင်အမ်းသွားကြသည်။ သို့သော်လည်း သူတို့က ဘာမှမသိဘဲ တန်းဒူးထောက်လိုက်ကြသည်။

လေထုက ချက်ချင်း သိပ်သည်းလာသည်။

လုကျိုးက ချင်ကျွင်းအား ကြည့်လိုက်ကာ  “ တစ်ယောက်ဆီ သတင်းပို့မလို့လား ”

“ ကျွန်တော် မလုပ်ရဲပါဘူး” ချင်ကျွင်းက ဦးညွှတ်ဝပ်တွားလိုက်သည်။ ဤသည်မှာ သူ့မိသားစုဝင်အားလုံး၏ သေခြင်းရှင်ခြင်းနှင့် ပတ်သက်နေလေသည်။ သူ စကားပြောသည့်အခါ သူ့အသံက အနည်းငယ် ကျယ်သွားလေသည်။

“ ငါ့တပည့် ငမိုက်သား ယွီကျန့်ဟိုင်က မင်းကို ဘာပေးထားတုံး” လုကျိုးက စောစောလေးအထိ မဖော်ထုတ်ခင် ချင်ကျွင်းသည် ယွီရှန်းရုန်နှင့် ပတ်သက်မှု ရှိနေသည်ဟုသာ ထင်ခဲ့မိသည်။ ယွီကျန့်ဟိုင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now