အခန်း(၃၁၆) ယင်ယန် အသွင်ပြောင်းခြင်းကိုးမျိုး

872 108 0
                                    

အခန်း(၃၁၆) ယင်ယန် အသွင်ပြောင်းခြင်းကိုးမျိုး

လန်လော့က ယုံကြည်ချက်ရှိရှိ ဝင်ပြောလိုက်သည်။

“ ကျုပ် မဟူရာစစ်သည်တော်တွေနဲ့ ရှိတုန်းက ဧကရာဇ်ကို နည်းနည်းတွေ့ဖူးတယ်။ စတုတ္ထမင်းသားနဲ့ ဒုတိယမင်းသားတို့ကြား ပဋိပက္ခက ဘယ်လောက်ကြီးကြီး သူတို့က မင်းသားပဲလေ။ သူတို့တွေအားလုံးကို စီမံနိုင်တဲ့ တစ်ဦးတည်းသောသူက ဧကရာဇ်ပဲ ”

လုကျိုးက မော့ကြည့်လိုက်သည်။ လန်လော့ ပြောသည်က အချက်ကျ၏။ သူက ဒုတိယမင်းသား၏ လက်အောက်ငယ်သား မော့လီကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။

သူက ဧကရာဇ်ကို အလုပ်ပေးရမည်။

“ မဟူရာစစ်သည်တော်တွေက ဧကရာဇ်ကို ဖြေကြားပေးရတယ်။ မင်းက အရင်တုန်းက မဟူရာစစ်သည်တော် ခေါင်းဆောင်ဖြစ်တာတောင် ဧကရာဇ်နဲ့ အကြိမ်နည်းနည်းပဲ တွေ့ဖူးတာတဲ့လား”

လုကျိုးက ထူးဆန်းသည်ဟု ထင်မိသည်။

လန်လော့က ဖြေလိုက်၏။

“ ပုံမှန်ဆိုရင် သူ့နောက်လိုက်တွေကပဲ သတင်းပါးပေးကြတာပါ ”

တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူက သူ့ကိုယ်သူ အလွယ်တကူ ဖော်ပြမည် မဟုတ်ပေ။ ထို့အပြင် မဟူရာစစ်သည်တော်များက နောက်ကွယ်မှ လှုပ်ရှားကြသူများ ဖြစ်ပြီး အံ့ဖွယ်မြို့တော်တွင် မရှိပေ။ ဧကရာဇ်ကလည်း အကြောင်းမရှိဘဲ အပြင်မထွက်ပေ။

“အပါးတော်မြဲ နောက်လိုက်တွေက ကျင့်ကြံဆင့်မြင့်ကြတယ်။ ဧကရာဇ်က သူတို့ကို အတော်ယုံကြည်ထားတယ်။ ဒီတစ်လျှောက်လုံး လုပ်ကြံမှုအများကြီးရှိခဲ့ပေမဲ့ လုပ်ကြံသူတွေက ဧကရာဇ်အနား ကပ်ဖို့မပြောနဲ့ အပါးတော်မြဲတွေကို ဘယ်တော့မှ မကျော်လွှားနိုင်ကြဘူး ”

လန်လော့က သက်ပြင်းချကာ ပြောလိုက်သည်။

လုကျိုးက ခေါင်းညိတ်ပြီး “ ဆက်ပြော”

လန်လော့က ပြောလိုက်သည်။

“ ကျောင်းယွဲ့က မင်းသမီးယွင်ကျောင်းရဲ့ သမီးဆိုတော့ ဧကရာဇ်နဲ့ တွေ့ဖို့အခွင့်အရေး ရှိတယ်။ ပြီးတော့ ကျောင်းယွဲ့က မယ်တော်ကြီးရဲ့ ထောက်ပံ့မှုလည်း ရထားတာဆို‌တော့ မယ်တော်ကြီး မြို့တော်ကနေ ထွက်မသွားခင် ဒီသတင်းစကားကို အကြောင်းကြားပေးနိုင်ဖို့ အဖြစ်နိုင်ဆုံးပဲ။ ဒါပေမဲ့ ဧကရာဇ်ကလည်း အကြံအစည်တွေ၊ အကွက်ချမှုတွေနဲ့ စိမ်းသက်နေတာ မဟုတ်တော့ သူ့ကို ဖြေရှင်းဖို့ ခက်လိမ့်မယ်  ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now