အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (ခ)

1.1K 131 0
                                    

အခန်း (၂၀၄) အင်အားက အရေအတွက်ပေါ် မမူတည်ဘူး (ခ)
ထိုစဉ် မျှော်စင်ထိပ်ဆုံးတွင် အစိမ်းရောင် ပုံရိပ်တစ်ခု ပေါ်လာသောကြောင့် အားလုံးက တအံ့တဩ ဖြစ်ကုန်ကြသည်။

သူတို့က မျက်လုံးအပြူးသားဖြင့် ရှောင်ယွမ်အာ ကိုးလွှာရောက်နေသည်ကို ကြည့်လိုက်ကြသည်။

ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။

မျှော်စင်အောက်ခြေတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ခဏကြာပြီးနောက် တစ်ယောက်က တအံ့တဩဖြင့် ထအော်လိုက်သည်  “သူမက ထိပ်ရောက်သွားပြီ ”

“ သူမ လုပ်နိုင်ပြီလား ”

သူမက ပိုးသေတ္တာတစ်ခုကို ကိုင်ထားရင်း လက်ဝေ့ပြလိုက်သည်။

မျှော်စင်အောက်တွင် ထိုင်နေသည့် အခြားကျင့်ကြံသူက မထင်မှတ်ထားလောက်သည့် အမူအရာဖြင့် ထရပ်လိုက်သည်။ သူ့မျက်နှာက မျက်နှာပူရာမှ နီရဲလာသည်။ သူက လုကျိုးတို့နောက် အလျှင်စလို သွားရပ်လိုက်၏။ သူက ထိုမိန်းမငယ်လေး မည်သို့ လုပ်နိုင်ခဲ့သည်ကို သိချင်နေမိသည်။

အခြားကျင့်ကြံသူများကလည်း အတွေးအတူတူ ရှိကြလေသည်။ သူတို့က မိန်းမငယ်လေးတစ်ယောက် သူတို့ကို ကျော်တက်သွားသည့်အတွက် မျက်နှာပူနေမိသည်။

ကျန်းအိုက်ကျန့်က ထိုအရာ မြင်သည့်အခါ လျှာကိုက်မိမလိုပင် ဖြစ်သွားသည်။ သူက လက်ခုပ်တီးကာ  “ ဘယ်လိုသိတာလဲ ”

“မေးခွန်းရှိတာလား ”

“ကိုးလွှာစစ်ဆေးမှုက … ငါ့မိတ်ဆွေက အံ့ဖွယ်မြို့တော်ထဲ လူသုံးယောက်ပဲ ဖြေရှင်းနိုင်လိမ့်မယ်လို့ ပြောထားတာ။ ဒီကောင်မလေးက အရမ်းဉာဏ်ကောင်းတာလား” ကျန်းအိုက်ကျန့်က မေးပွတ်ကာ စဉ်းစားလိုက်သည်။ သူ နားမလည်နိုင်ပေ။

“ မင်း အတွေးလွန်နေပြီ ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ အဲဆို စတုတ္ထသခင်လေးကပဲ သင်ပြပေးပါဦး ”

“ မင်းလိုအပ်တာက ကန်ချက်တစ်ခုပဲ ”

ကျန်းအိုက်ကျန့်က ပြောစရာပင် ရှာမတွေ့တော့ချေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Tempat cerita menjadi hidup. Temukan sekarang