အခန်း(၃၄၄) သစ္စာဖောက်ကို သင်ခန်းစာပေးခြင်း
ခဏကြာ ရပ်တန့်လိုက်ပြီးနောက် ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”
“တာ့ရှစ်ရှိုး အလင်းခွင်းတိမ်တိုက်တောအုပ်ကနေ ထွက်သွားပြီးတဲ့နောက် ရှစ်စွင်း ရောက်လာတယ်”
စီးဝူယာ့က ပြန်ဖြေလိုက်သည်။
ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်၏။ သူ ရထားလုံးပျံထဲ ရောက်သွားစဉ် ခရမ်းဖျော့တောင်ထိပ်အနား ရထားလုံးပျံတစ်စင်း မြင်လိုက်မိသည်ကို အမှတ်ရလိုက်သည်။ သူက ရှစ်စွင်းကို မြင်လိုက်မိ၏။ သို့သော်လည်း သူက ယွီရှန်းရုန်နှင့် တိုက်ပွဲက သရေကျသွားသည်ကို စိတ်ခုနေသောကြောင့် သူ့လက်အောက်ငယ်သားများကို ကိစ္စများတွင် ဝင်မပါဘဲ မြန်မြန်သွက်သွက် ထွက်သွားဖို့သာ ပြောခဲ့သည်။ သူက ယွီရှန်းရုန်တစ်ယောက် ရှစ်စွင်းဆီ ဖမ်းမိသွားလိမ့်မည်ဟု မထင်ထားပေ။
အဆုံးသတ်၌ သူက ခေါင်းခါကာ ပြောလိုက်သည်။
“ ရှစ်စွင်းက အသက်အရွယ်ရပါပြီ။ အာ့ရှစ်တိရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဒဏ်ရာရနေရင်တောင် ထွက်သွားနိုင်သင့်တာလေ ”
စီးဝူယာ့က ကိစ္စများကို ပြန်လည်ပြောပြလိုက်သည်။
သူက ရှစ်စွင်းသည် ဓားရူးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယွင်ဂိုဏ်း၏ လော့ချန်ချင်းအား တစ်ချက်တည်းဖြင့် သတ်လိုက်သည်ကို ကြားသည့်အခါ ယွီကျန့်ဟိုင်က ထပ်ခေါင်းခါလိုက်သည်။ သူက ပြောလိုက်၏။ “ ချီရှစ်တိ သေချာရဲ့လား ”
သူက ယုံဖို့ အခက်တွေ့နေသည်။ လော့ချန်ချင်းက မည်မျှအားနည်းစေကာမူ တစ်ချက်တည်းဖြင့် သေသွားဖို့ မဖြစ်နိုင်ပေ။ သူပင် ဒီလိုလုပ်ဖို့ ခက်လှ၏။
“ကျွန်တော့်မျက်လုံးနဲ့ ကိုယ်တိုင် မြင်လိုက်တာပါ” စီးဝူယာ့က ပြန်ဖြေလိုက်သည်။
ယွီကျန့်ဟိုင်က မျက်မှောင်အသာကြုတ်ကာ “ ရှစ်စွင်းက သူ့အခြေအနေထိန်းထားဖို့ အကာအရံစွမ်းအားကို စုပ်ယူထားတယ်လို့ ပြောဖူးတယ်မလား။ ရှစ်စွင်းက စွမ်းအားအကုန်လုံးကို ပဒုမ္မာစင်မြင့်မှာ သုံးပြီးလောက်ပြီ။ လော့ချန်ချင်းကို ဘယ်လိုသတ်သွားတာလဲ ”
ВЫ ЧИТАЕТЕ
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Юморအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...