အခန်း (၂၇၉) ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ နောက်ဆုံးကြွင်းကျန်အစိတ်အပိုင်း

970 141 1
                                    

အခန်း (၂၇၉) ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာ နောက်ဆုံးကြွင်းကျန်အစိတ်အပိုင်း

ချင်ကျွင်းသည် စွမ်းအင်လေပွေတစ်ခုက သူ့ကိုသယ်ဆောင်သွားသောကြောင့် အံ့ဩသွားလေ၏။ သူသည် နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသည်။ ထို့ကြောင့် ရှောင်ယွမ်အာက သူ့ကို အလွယ်တကူဖမ်းနိုင်၏။

“ရှစ်စွင်း တပည့်လွှတ်လိုက်သင့်လား” ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာမေးလိုက်၏။ ကျင့်ကြံသူများစွာကို မြင်သောအခါ သူမကစိတ်လှုပ်ရှားသွားတော့သည်။ သို့သော် ဤနေရာက အံ့ဖွယ်မြို့တော်ဖြစ်သည်။ လက်ရွေးစင်များက တိမ်တိုက်များပမာ များပြားလွန်း၏။

တော်ဝင်မြို့တော်၏အစောင့်များနှင့် ဆယ်ပါးအစီအရင်သည် အစွမ်းထက်သော ခုခံခြင်း ယန္တရားတစ်ခု ဖွဲ့တည်ထားသည်။ နှစ်ပေါင်းများစွာ မထိုးဖောက်နိုင်ခဲ့ပေ။

လုကျိုးက သူ့ဖာသာသူ ရေရွတ်ပြောဆိုပြီးနောက် အိမ်တော်ထိန်းအိုကြီးကိုကြည့်လိုက်၏။

“မြင်းလှည်းပြင်လိုက်”

“အခု ... အခုချက်ချင်း” လောင်ဟုန်သည် လုကျိုးဆိုလိုတာကို သဘောပေါက်သည်။ သူက အစေခံများကို မြင်းလှည်းအမြန်ပြင်ခိုင်းလိုက်၏။

ယင်းက ထူးဆန်းသောမြင်ကွင်းဖြစ်သည်။

မင်းသားချီအိမ်တော်၏အစေခံများက မြင်းလှည်းပြင်ဆင်ပေးနေပြီး သူတို့၏သခင်အား အပြင်လူ ချုပ်နှောင်ခွင့်ပေးထားကာ သူ့ကို မြင်းလှည်းပေါ်တင်ပေးနေ၏။ ကံကောင်းသည်မှာ ဤနေရာက မင်းသားချီ၏အိမ်တော်ဖြစ်သည်။ ဤနေရာတွင် အပြင်လူမရှိပေ။ မဟုတ်ပါက ယင်းက ဟာသကြီးတစ်ခု ဖြစ်သွားလိမ့်မည်။ မြင်းလှည်းထွက်သွားပြီးနောက် ချင်ရှောနှင့် ချင်ရို့ပင်းတို့က ဖြစ်ပျက်သွားသည့်အဖြစ်အပျက်ကို လက်ခံရန်ခက်ခဲနေသေးပုံပေါ်သည်။

“သခင်လေး ... သခင်မလေး စိတ်မပူနဲ့။ သခင်ကြီးက မိစ္ဆာဝေဟင်မျှော်နန်းကို ခဏတဖြုတ်ပဲ သွားတာ။ သူ ပြန်လာလိမ့်မယ်” လောင်ဟုန်သည် သူတို့ကိုနှစ်သိမ့်ရန်မှတပါး ကျန်သည့်နည်းလမ်း မရှိပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now