အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း(က)

1K 132 0
                                    

အခန်း (၂၁၆) ကျင့်စဉ်ဖောက်ပြန်ခြင်း(က)

ဖန်လီထန်းက ဖန်းရှုဝမ် စကားများကို သဘောမတူပေ။ သူက ပြောလိုက်၏။ 

“လူငယ်လေး ငါ့ကို ဒီလိုပြောရဲတာ မင်းက ပထမဆုံးပဲ”

“ ခင်ဗျားကလည်း ကျုပ်ကို ဒီလိုပြောရဲတဲ့ ပထမဆုံးလူပဲ ”

ဖန်လီထန်းက ထိုအကြောင်းကြားသည့်အခါ နှာခေါင်းရှုံ့လိုက်ပြီး  “လူငယ်လေး … ဒီမှာယဉ်ကျေးနေဖို့ မလိုဘူး။ လာလာ သေရည်သောက်လှည့်။ ဒီက ရာစုနှစ်သက်တမ်းရှိတဲ့ သေရည်ပဲ ”

ဖန်းရှုဝမ်က ခေါင်းခါလိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းဘက် လှမ်းကြည့်ကာ  “ အကာအရံ စွမ်းအားက အားနည်းလာပြီးတော့ ချီတွေက ကမောက်ကမ ဖြစ်နေတယ်။ မိစ္ဆာဝေဟင်မျှော်နန်းထဲက တစ်ယောက်ယောက်က ကျင့်စဉ်ဖောက်သွားတာလား စိုးမိတယ်”

ဖန်လီထန်းက သေရည်အနည်းငယ် သောက်လိုက်ပြီးနောက် အကြောဆန့်ကာ  “ အိပ်ချင်လာပြီ … ငါ နိုးလာတဲ့အခါ သေရည်လေး ရှိနေဖို့ပဲ မျှော်လင့်တယ်”

သူက သမ်းဝေပြီးနောက် အိပ်ဖို့ ပြင်လိုက်သည်။

“အဲလိုပဲ မျှော်လင့်ကြတာပေါ့” ဖန်းရှုဝမ်က မြင်ကွင်းကို ဆက်စောင့်ကြည့်မနေတော့ပေ။ သူက လှည့်ပြန်သွားလိုက်၏။

ထိုစဉ် လျှို့ဝှက်ခန်း အပြင်ဘက်၌

ဟွားဝူတောက်၊ တွမ့်မူရှန်း၊ ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က ချိုးဖောက်ဝင်ဖို့ အသင့်ဖြစ်နေကြလေပြီ။

ဟွားဝူတောက်က ပြောလိုက်၏။

“ လုပ်လိုက်စို့”

သူက ပွင့်ချပ်ခုနှစ်လွှာ ကျင့်ကြံဆင့်ရှိသော်လည်း တွမ့်မူရှန်းလောက် တိုက်ခိုက်ရေး မကောင်းပေ။ တွမ့်မူရှန်း၏ ခန္ဓာကိုယ်မှ ချီများ ထွက်လာသည်။ သူက လျှို့ဝှက်ခန်း၏ ကျောက်တံခါးကို ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်သွားတော့သည်။

ဝုန်း …

လေထဲ အသံကျယ်ကြီးထွက်လာသည်။ ကျောက်တံခါးက တုန်သွားသော်လည်း ပွင့်မလာပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Onde histórias criam vida. Descubra agora