အခန်း (၂၁၄) ကောင်းကင်ကျမ်းအဖွင့်

1.1K 137 1
                                    

အခန်း (၂၁၄) ကောင်းကင်ကျမ်းအဖွင့်

အလင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ  “ တင်း … ကောင်းကင်ဓားမြှောင် လက်နက်ကို ရရှိပါတယ်”

“တင်း … ကောင်းကင်ကျမ်းအဖွင့်ကို ရရှိပါတယ် ”

လုကျိုးက ကြမ်းပြင်ကို ကြည့်လိုက်သည်။

သူက ကျောက်စိမ်းရောင် ဓားမြှောင်တစ်ချောင်းကို တွေ့လိုက်ရသည်။ ထိုဓားမြှောင်က ကောင်းကင်အပိုင်းအစထက် အနည်းငယ်သာ ကြီးမား၏။ သာမန်ဓားမြှောင်များထက် ပိုကြီးလေသည်။ ကြည့်ရသည်မှာ သပ်သပ်ရပ်ရပ်နှင့် လက်ရာမြောက်လှသည်။ ဓားမြှောင်အတွက် ပိုင်ရှင် အကြံပြုထားသူ မပါသည်မှာ နှမြောစရာကောင်းလှ၏။

လုကျိုးက စနစ်ကို တစ်ခေါက် ပြန်ကြည့်လိုက်သည်။ သူ့တွင် လက်ရှိရှိထားသော လက်နက်များမှာ အမည်မဲ့၊ အသက်ဓားသွားနှင့် မျက်ရည်စွန်း သေတ္တာတို့ ဖြစ်ကြသည်။

လုကျိုးက အမည်မဲ့ကို အကြိုက်ဆုံး ဖြစ်၏။ မြောက်မြားစွာသော စမ်းသပ်မှုများအပြီးတွင်  အမည်မဲ့က ကောင်းကင်အဆင့် ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

သူက သမာသမတ်ဂိုဏ်း၏ အကြီးအကဲ ကျန့်ချိုးချီဆီမှ အသက်ဓားသွား ရလာခြင်း ဖြစ်ပြီး ပြန်လည်သန့်စင်ရဦးမည် ဖြစ်၏။ ဤသည်မှာလည်း ကောင်းကင်အဆင့် လက်နက် ဖြစ်ပေသည်။

သူ့တပည့်များ၏ တိုက်ခိုက်မှုကို ခံနိုင်သည့် မျက်ရည်စွန်း သေတ္တာလည်း ရှိသေး၏။ ဤသည်လည်း ကောင်းကင်အဆင့်မှန်း သိသာလှသည်။

အမည်မဲ့ကလွဲပြီးတော့ တပည့်တွေကို ကျန်လက်နက်တွေ ပေးပစ်လို့ ရတယ် … သူတို့အားကောင်းလာရင် သူတို့ဆရာ ငါလည်း အားကောင်းလာမှာပဲ …

လက်ရှိ သူ့ငါးယောက်မြောက် တပည့် ကျောင်းယွဲ့နှင့် ရှစ်ယောက်မြောက် တပည့် ကျူးဟုန်ကုန်းသာ လက်နက်မဲ့ ဖြစ်နေလေသည်။

သူတို့ကို ဘယ်လိုခွဲပေးရမလဲ …

ကျောင်းယွဲ့က မိန်းကလေး ဖြစ်ပြီး အသက်ဓားသွားက ကြီးလွန်းနေပြီး သူမနှင့် မလိုက်မဖက် ဖြစ်နေဟန်ပေါ်သည်။ မျက်ရည်စွန်း သေတ္တာက မြောင်းရာပါသည့် သေတ္တာမျှသာ ဖြစ်နေသည်။ ကြည့်ရသည်မှာ ကျူးဟုန်ကုန်းနှင့် ပိုသင့်တော်၏။ သို့သော်လည်း ကျူးဟုန်ကုန်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာခါစ ဖြစ်ပြီး သူ့စိတ်နေစိတ်ထားတို့က လိုအပ်နေသေးသည်။ သူ ကျူးဟုန်ကုန်း၏ သစ္စာရှိမှုကို မသေချာခင်အထိ လက်နက် ထုတ်ပေးဖို့ စိတ်ကူးမရှိချေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now