အခန်း (၂၈၄) အစကတည်းက အကြီးမြတ်ဆုံးမိစ္ဆာဇင်

988 133 0
                                    

အခန်း (၂၈၄) အစကတည်းက အကြီးမြတ်ဆုံးမိစ္ဆာဇင်

လုကျိုးက တောက်ပခြင်းကြေးမုံ နည်းစနစ်ကို တစ်ခါမက မြင်တွေ့ဖူးလေသည်။ လတ်တလောက ပဒုမ္မာစင်မြင့်အထက်တွင် ကျင်းယန်၏ တပည့်ဖြစ်သည့် ဝူညန်ဟု ခေါ်သည့် ဗုဒ္ဓအရှင်တစ်ယောက်ဆီမှ ဖြစ်သည်။ ခုံယွမ်၏ တောက်ပကြေးမုံသည် ၀ူညန်ထက် ပိုအားကောင်းပုံပေါ်သည်။ သူ့ကို ဗဟိုထားကာ စတင်တောက်ပလာသည်နှင့် အလင်းစက်ဝန်းက ဘေးပတ်ဝန်းကျင်ဆီ ကျယ်ပြန့်လာသည်။ တောက်ပခြင်းကြေးမုံ နယ်နမိတ်အတွင်း ရှိသူတိုင်း သက်ရောက်မှုခံလိုက်ကြရသည်။

ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ်မှ ထွက်လာသည့် စွမ်းအားကို ခံစားမိလိုက်ကြပြီး သူတို့အမူအရာတို့က အံ့အားသင့်ဟန်ပြောင်းလဲသွားသည်။

“တိုက်ကြ”

လက်ဝါးချက်များနှင့် တာအိုစည်းတံဆိပ်တို့က ယခင်ထက် အားပြင်းပြင်းဖြင့် ရောက်လာသည့် ဓားပျံများဆီ ထိပ်တိုက်ဝင်သွားသည်။

ဘန်း ဘန်း ဘန်း

ခုံယွမ်က မြင်ရတာ ကျေနပ်နေလေသည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းမှ ကျင့်ကြံသူများက အသေးအမွှားဂိုဏ်းများထက် ပိုသာပေသည်။ တောက်ပကြေးမုံ၏ သက်ရောက်မှုအောက်တွင် သူတို့က ပိုအားကောင်းလာကြသည်။ သက်ရောက်မှုက သူ မျှော်မှန်းထားသည်ထက် ပိုကောင်းနေသည်။

ဘန်း ဘန်း ဘန်း

တိုက်ခိုက်သံများကြားတွင် ဓားပျံများစွာက ချက်ချင်း ပြုတ်ကျကုန်သည်။

ယခင်ကဲ့သို့ မြေပေါ်ရှိ အလင်းစက်ဝန်း ခုနှစ်ကွင်းက တောက်ပလာပြန်သည်။

ကျန်းအိုက်ကျန့်က နားမလည်စွာ မေးလိုက်သည်။  “လောင်ချန်းပေ့ … အဲဒီအလင်းစက်ဝန်း ခုနှစ်ခုက ဘာကိုဆိုလိုတာလဲ ”

လုကျိုးက ဖြေလိုက်သည်။

“ ပထမတစ်ခုက နတ်ဘုရားထောက်တိုင်၊ ဒုတိယက လည်ပတ်ရေးကျောက်စိမ်း၊ တတိယက တောက်ပရေးပုလဲ၊ စတုတ္ထက မျှခြေ၊ ငါးခုမြောက်က ကျောက်စိမ်းအာရုံကျည်တောက်၊ ခြောက်ခုမြောက်က နှလုံးသားဟင်းလင်းပြင်နဲ့ ခုနှစ်ခုမြောက်က မှိတ်တုတ်အလင်းရောင် …  ပထမတစ်ခုကနေ လေးခုအထိက ကိုယ်ထည်က လာပြီးတော့ ငါးခုကနေ ခုနှစ်ခုအထိက လက်ကိုင်ကနေ လာတယ်။ သူတို့အတူတူဆိုရင် ခုနှစ်စင်ကြယ် ဖြစ်လာတယ် … ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Opowieści tętniące życiem. Odkryj je teraz