အခန်း (၃၂၈) ကန့်သတ်ချက်၊ ယွီရှန်းရုန်၏ ရည်မှန်းချက်

984 118 1
                                    

အခန်း (၃၂၈) ကန့်သတ်ချက်၊ ယွီရှန်းရုန်၏ ရည်မှန်းချက်

ရေတံခွန်က ရေလိုက်ကာသဖွယ် ကျဆင်းလာသည်။ နေအလင်းရောင်က တလက်လက် တောက်ပနေ၏။

လုကျိုးက ရထားလုံးပျံပေါ်တွင် ထိုင်ကာ ရှုခင်းကို ခံစားရင်း မုတ်ဆိတ်သပ်နေသည်။

ရထားလုံးပျံက လှုပ်ခါနေသည်။ ပျံသန်းရေးက ကြမ်းလှသည်။ သို့သော်လည်း သူ့အား ထိုရှုခင်းများ ခံစားနေသည်ကို မတားနိုင်ပေ။

ညအမှောင်ရောက်လာသည့်အခါ ရထားလုံးပျံက တိမ်တောက်တောင်ထိပ်အနီးဆီ ရောက်လာကြသည်။

“လောင်ချန်းပေ့ ကျွန်တော်တို့ တိမ်တောက်တောင်ထိပ်ဆီ ရောက်ပါပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ တပည့်က နှစ်ရက်အတွင်း ပေါ်လာလိမ့်မယ်လို့ ထင်တယ်” တွမ့်ရှင်းက လုကျိုးဘေးနား လျှောက်လာသည်။

“ ငါတို့ ဒီရောက်နေပြီလား ” လုကျိုးက ပြောလိုက်သည်။

တွမ့်ရှင်းက ခေါင်းကုတ်လိုက်သည်။

အရမ်းမြန်သွားတာလား … ငါတို့တွေ အကြာကြီး ပျံသန်းလာခဲ့တာလေ။ နေတောင် ဝင်သွားပြီ …

တကယ်တော့ သူ့ဘာသာ ပျံသန်းလာရင် ပိုတောင်မြန်ဦးမယ် …

နောက်ဆုံးတော့ သူက အတူကပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကာ “ ကျုပ်ကိုယ်တိုင် ပဲ့ထိန်းလာတာပါ။ လောင်ချန်းပေ့ရဲ့ အချိန်ကို မနှောင့်နှေးစေချင်လို့လေ …”

လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက စိတ်ရှုပ်စွာ လက်ကို အသာဝှေ့ယမ်းလိုက်သည်။

တွမ့်ရှင်းက နေရခက်လာမိသည်။ သူက ဘာများအမှားလုပ်မိလဲဟု တွေးနေမိသည်။ သူက လုကျိုး ရှုခင်းခံစားနေသည်ကို အနှောင့်အယှက်ဖြစ်မည် စိုးကာ ခရီးစဉ်အတွင်း စကားပင် မပြောခဲ့ပေ။ သို့သော်လည်း လုကျိုးက မကျေမနပ် ဖြစ်နေဆဲ ဖြစ်၏။

လုကျိုးက တိမ်တောက်တောင်ထိပ်ကို ငုံ့ကြည့်လိုက်သည်။ ထိုစဉ် သူ့စိတ်အတွင်းပိုင်း မြှုပ်နှံထားသည့် ပုံရိပ်များစွာ ပြန်လည်ပေါ်ထွက်လာလေသည်။

“တိမ်တောက် ရှိုးနွီကျောင်း”

လုကျိုးက တောင်တက်လမ်းတွင် ရှိုးနွီကျောင်းကို မြင်လိုက်ရ၏။ သူက တိမ်တောက်ရှိုးနွီကျောင်းကို ထိုနေရာတွင် တည်ဆောက်ထားကြောင်း မေ့လုနီးပါး ဖြစ်နေလေပြီ။ ရှိုးနွီကျောင်းက မြောက်ဘက်မြို့တော်နှင့် မိုင်တစ်ထောင်အကွာတွင် တည်ရှိပြီး ထီးထီးကြီး ရှိနေသည်။ ဘုန်းကြီးနှင့် ရှိုးနွီတို့က လောကီပစ္စည်းများအား အမှန်ပင် စိတ်မဝင်စားကြပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now