အခန်း (၂၅၃) စွမ်းအား (ခ)
ဟွားဝူတောက်က အတွေ့အကြုံများပြီး ဗဟုသုတကြွယ်ဝသော်ငြား သူသည် ထိုမြင်ကွင်းကြောင့် ဝေခွဲမရ ဖြစ်နေသေးသည်။သူတို့ရဲ့ကြာပန်းကို သိသာပေါ်လွင်စေပြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို မပေါ်လွင်စေအောင်လုပ်တာ ဘယ်သူများလုပ်နိုင်လဲ။
ထိုမိုးပြာရောင်ကြာပန်းကို မြင်တွေ့ရတာ ဒုတိယအကြိမ်ဖြစ်သည်။ ၎င်းကို ပထမဆုံးမြင်တွေ့သည်က လုကျိုးတံခါးပိတ်ကျင့်ကြံနေသည့်အချိန်တွင်ဖြစ်သည်။ မိုးပြာရောင်ကြာ၏စွမ်းအားက ပေါ်ထွက် လာသည့် အချိန်၌ ကိုးပါးဖြတ်တောက်မှုကို ချက်ချင်းဖြိုခွဲသွားသည်။ ၎င်းကို ထပ်မြင်ရသည့်အချိန်၌ သူမည်ကဲ့သို့မထိတ်လန့်ဘဲနေမည်နည်း။
“ဒါက အရံအတားရဲ့စွမ်းအားလား” ယင်းက သူတွေးမိသည့်တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်သည်။
ခရမ်းရောင်စွမ်းအင်တစ်ဒါဇင်ခန့်က လုကျိုးဆီသို့ဦးတည်လာကြသည်။ သို့သော် သူတို့အားလုံးကို မိုးပြာရောင်ကြာပန်းနှင့် အလင်းက ဟန့်တားခံလိုက်ရ၏။
အလင်းနှင့် အရိပ်ကဲ့သို့ပင် နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့သွားပြီး သမာဓိရှိနေသေးဆဲဖြစ်သည်။
အရိပ်က အနည်းငယ်လှုံ့ဆော်ခံလိုက်ရပုံပေါ်ကာ အမိန့်ပေးလိုက်၏။ “သူ့ကိုတား”
ရုပ်သေးများက ကောင်းကင်ထဲသို့ ချက်ချင်းပျံတက်သွားပြီး လုကျိုးကို တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်တော့သည်။ ဟွားဝူတောက်က ထိုအရာကိုမြင်တွေ့သည့်အချိန်၌ လျှို့ဝှက်ခန်းပေါက်ကွဲပြီး မိုးပြာရောင်ကြာပန်းဖူးပွင့်လာသည့်အချိန်က ကြောက်မက်ဖွယ်ကောင်းသည့် တန်ပြန်သက်ရောက်မှု ကို သူခန့်မှန်းပြီးပြီဖြစ်သည်။
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်၊ ကျောင်းယွဲ့နှင့်တွမ့်မူရှန်း ၏ အာရုံစိုက်မှုက သူတို့ရှစ်စွင်း၏ ခြေဖဝါးအောက်ရှိ မိုးပြာရောင်ကြာပန်းဆီတွင်သာရှိနေသည်။
အနက်ရောင်စွမ်းအင်ချိန်းကြိုးများဆုံမှတ်၏ တောက်ပမှုက ယိုစိမ့်ထွက်လာသည်။ တောက်ပမှုက အမြင့်ဆုံးဖြစ်သည်။
YOU ARE READING
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...