အခန်း (၂၅၀) ဖော့ကျောင်း ဆရာသခင်ကျင်းယန်နှင့် ယခင်နေ့ရက်ဟောင်းများ (ခ)

926 150 0
                                    

အခန်း (၂၅၀)  ဖော့ကျောင်း ဆရာသခင်ကျင်းယန်နှင့် ယခင်နေ့ရက်ဟောင်းများ (ခ)
ချီစွမ်းအား စုဝေးသွားသောကြောင့် လေထဲ တရှဲရှဲ အသံမြည်သွားစေသည်။ လုကျိုးရှေ့ရှိ လေက တွန့်လိမ့်သွားလေသည်။

ထိုစဉ် လက်ဖဝါးအရွယ် ချုပ်နှောင်ခြင်း စာလုံးက ပေါ်ထွက်လာသည်။

လူအုပ်ကြားတွင် ဗဟုသုတကြွယ်ဝသူများ ပါကြသောကြောင့် ထိုသူတို့က ဒီစာလုံးကို တန်းသိလိုက်ကြသည်။

“ချုပ်နှောင်ရေး မန္တန် “

ချုပ်နှောင်ရေး မန္တန်က ရှိုးနွီများဆီ ဟွားယွဲ့ရှင်း၏ မြားထက် မြန်ဆန်သော အလျှင်နှုန်းဖြင့် ဝင်ရောက်သွားသည်။ အရွယ်အစား ပြောင်းလဲခြင်း မရှိသလို အလင်းတန်းလည်း မထွက်လာပေ။

ဘန်း

စာလုံးက ကြယ်တံခွန်အလား ကျဆင်းလာကာ အလင်းစက်ဝန်းအား အခက်အခဲမရှိ ချိုးဖောက်သွားသည်။

“ဘယ် …ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

၀ူညန်က မတုံ့ပြန်နိုင်ခင် ချုပ်နှောင်ရေး မန္တန်က သူမအပေါ် ကျရောက်လာသည်။ သူမက ရွတ်ဆိုမှု ချက်ချင်း ရပ်တန့်လိုက်ရ၏။

အလင်းစက်ဝန်းသည် စွမ်းအားအမြောက်အများ လိုအပ်သောကြောင့် ရှိုးနွီ ဆယ်ယောက်လည်း စက်ဝန်းကို  ဆက်မထိန်းထားနိုင်တော့ပေ။ သူတို့အစီအရင်က ချက်ချင်းဆိုသလို ပြိုလဲသွားသည်။

ဉာဏ်အလင်းပွင့်ခြင်းဆိုတာက ဒြပ်ထည် မရှိသလို ကြည်လင်နေတဲ့ နှလုံးသားလည်း အတူတူပါပဲ …

ဗုဒ္ဓတောက်ပကြေးမုံ ပိုအားကောင်းလေလေ စွမ်းအားအမြောက်အများ လိုအပ်လေလေ ဖြစ်၏။

ဗဟိုတွင် ၀ူညန် မရှိတော့ဘဲ သူတို့စွမ်းအား ပျောက်ဆုံးသွားကြသည်။ ခမ်းနားကြီးကျယ်သည့် အဆောက်အဦတစ်ခုမှ အလယ်တိုင်လုံးကို ဖယ်ရှားပစ်လိုက်သည့်အခါ မည်မျှပင် အံ့ဩဖို့ကောင်းနေစေကာမူ ပြိုလဲပျက်စီးသွားမည်သာ ဖြစ်သည်။

စွမ်းအားလှိုင်းလုံးက ပတ်ဝန်းကျင်ဆီ ပျံ့နှံ့သွားသည်။ ရှိုးနွီများလည်း နောက်ဆုတ်ကာ သွေးအန်သွားကြသည်။ သူတို့က ပဒုမ္မာစင်မြင့် အလယ်မှ မီတာရာချီ လွှင့်ထွက်သွားကြသည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now