အခန်း (၃၃၈) ယွီရှန်းရုန်၏ ဓားလမ်းစဉ်
လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤပုံစံအရ သူ ကောင်းကင်ကျမ်း အကြိမ်ရေ တစ်ရာ ဆင်ခြင်သည့် အချိန်တိုင်း ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာတစ်ခု ရလာလိမ့်မည် ဖြစ်၏။
သို့သော်လည်း စနစ်က ဒီတစ်ခါ ကပ်စေးမနည်းတော့ပေ။ သူက အပိုင်းတစ် ဆုချခံရ၏။
အကြိမ်ရေ တစ်ရာက မနည်းလှပေ။ သို့သော် အရိုးသားဆုံးပြောရလျှင် သူ့အနေနှင့် အကြိမ်ရေတစ်ရာ အလွယ်လေး ရောက်နိုင်သည်။
ဝုန်း ဝုန်း ဝုန်း
အပြင်ဘက်မှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
လုကျိုးက ဘာဖြစ်သွားမှန်း မမေးနိုင်ခင် အသံတစ်သံ ထွက်ပေါ်လာ၏။
“ မျှော်နန်းသခင် … အဋ္ဌမသခင်လေးတော့ အဆင့်တက်သွားပြီ ထင်တယ်”
“ကောင်းပြီ” လုကျိုးက ဖြည်းဖြည်းချင်း ထရပ်ကာ အရှေ့ဘက် မျှော်နန်းဆောင်မှ လက်နောက်ပစ်လျက် ထွက်လာလိုက်သည်။ စိတ်ထဲ၌ သူက ဆွံ့အနေမိသည်။
အပြင်ဘက်မှာ လျှောက်သွားနေတဲ့ သူ့တပည့်တွေက လွယ်လွယ်ကူကူ အဆင့်တက်သွားတာ ဖြစ်နိုင်လား …။
ကျောင်းယွဲ့က အချိန်အများစုကို တောင်ပေါ်မှာသာ နေခဲ့သည်။ သူ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာကတည်းက သူမအား များစွာသင်ကြားပေးခဲ့၏။ သူက သူမခန္ဓာကိုယ်ထဲမှ အအေးဓာတ်အဆိပ်ကိုပါ ထုတ်ပေးခဲ့သေးသည်။ သဘောတရားအရ ရှစ်စွင်းကိုယ်တိုင် ကြီးကြပ်ပေးနေလေရာ သူမအနေနှင့် အဆင့်တက်သင့်လေပြီ။ သို့သော် ကျူးဟုန်ကုန်းက သူမကို ကျော်သွား၏။
ထိုစဉ် ပြန်လည်သုံးသပ်ရေးဂူအတွင်းတွင် ဖြစ်သည်။
လောင်ပါ့ ကျုးဟုန်ကုန်းက စိတ်လှုပ်ရှားနေသည်။ သူ အခက်အခဲများစွာ ဖြတ်ကျော်ပြီး ဖွဲ့စည်းထားရသည့် ဒုက္ခမိုင်တစ်ရာရှုကွင်းကို ကြည့်နေရင်း သူ့မျက်နှာအထက် စိတ်အားထက်သန်သည့် အမူအရာကိုပါ မြင်နိုင်လေသည်။ စိတ်ဝိညာဉ်သဏ္ဍာန်တွင် ပွင့်ချပ်လွှာ မရှိသေးဘဲ သူ့ထက် ပုနေသော်လည်း ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဍာန် ဖြစ်နေသေးသည် မဟုတ်ပါလော။ သူက ရွှေရောင်ကြာပန်းကြီးသည် ကြည့်ကောင်းလှသည်ဟု ထင်မိလာသည်။
KAMU SEDANG MEMBACA
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Humorအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...