အခန်း (၂၆၂) ပိုရက်စက်သည့် နည်းလမ်း
“ ငါ လုပ်မယ်” တွမ့်မူရှန်းက နယ်ရှင်လှံကို ဘေးတွင် ရပ်နေသည့် ဖန်ကျုံးဆီ ပစ်ပေးလိုက်သည်။
ဖန်ကျုံးက နယ်ရှင်လှံ အလေးချိန်ကြောင့် လဲကျလုမတတ် ဖြစ်သွားလေ၏။ ကံကောင်းစွာဖြင့် သူက အချိန်မီ ချီစွမ်းအား လှည့်ပတ်ကာ အလေးချိန်ကို သယ်နိုင်လိုက်သည်။
မင်ရှစ်ရင်က တွမ့်မူရှန်းအတွက် ပြန်လည်သုံးသပ်ရေးဂူထဲ ဝင်ဖို့ လမ်းဖယ်ပေးလိုက်သည်။
တွမ့်မူရှန်း၏ တည်ဆောက်ပုံဖြင့် သူက ကျူးဟုန်ကုန်းကို သိမ်းငှက်တစ်ကောင်က ကြက်လေးတစ်ကောင်ကို ချီလိုက်သလိုမျိုး ချီစွမ်းအား မပါဘဲ အသာ မ လိုက်နိုင်သည်။ သူက ကျူးဟုန်ကုန်း ကျောပေါ် လက်တင်လိုက်ကာ ချီစွမ်းအား ထည့်သွင်းပေးလိုက်သည်။ သူက ခပ်တည်တည် ပြောလိုက်သည်။
“ မလှုပ်နဲ့ ”
ကျုးဟုန်ကုန်းက မရယ်ချင်သော်လည်း မအောင့်နိုင်ပေ။
“ ကျွန်တော် … မလှုပ်ပါဘူး။ စန်းရှစ်ရှိုး ဒါ … ဒါပေမဲ့လေ … ဒါက ….”
သူက ထပ်ရယ်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ “ ဒါပေမဲ့ ယားတယ်ဗျ။ ကျွန်တော် အောင့်မထားနိုင်ဘူး”
စိတ်ထဲ၌ သူက တွေးမိနေသည်။
ကျွန်တော်လည်း အရှက်မရှိ ဒီလိုဖြစ်ချင်တယ်များ ထင်နေလား …
ဒီနေရာမှာ လူအုပ်ကြီး စုဝေးနေတာလေ … ဘာပြောပြော ကျွန်တော်လည်း မိစ္ဆာဝေဟင်မျှော်နန်း တပည့်တစ်ယောက်ပဲကို။
တွမ့်မူရှန်းက ကျူးဟုန်ကုန်းကို လျစ်လျူရှုထားလိုက်သည်။ သူက ကျူးဟုန်ကုန်းအား သေချာ စစ်ဆေးလိုက်သည်။
ကျုးဟုန်ကုန်းက ချီစွမ်းအားဖြင့် မခုခံရဲဘဲ သူ့ရှစ်ရှိုး စိတ်ကြိုက်သာ လုပ်ခွင့်ပေးထားရသည်။
ခဏအကြာတွင် တွမ့်မူရှန်းက စစ်ဆေးမှု အပြီးသတ်လိုက်သည်။ သူက လုကျိုးဆီ ဦးညွှတ်ကာ “ ရှစ်စွင်း … ကျွန်တော် သူ့ကို စစ်ဆေးပြီးပါပြီ။ ဘာမှထူးဆန်းတာ မတွေ့မိပါဘူး”
STAI LEGGENDO
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Umorismoအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...