အခန်း(၃၂၀) လှည့်ပတ်ကျီစယ်

834 112 0
                                    

အခန်း(၃၂၀) လှည့်ပတ်ကျီစယ်

ကျန်းအိုက်ကျန့်က မလုံမလဲ ပြောလိုက်သည်။  “နည်းနည်းပေါ့ ”

လုကျိုးက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။

ကျန်းအိုက်ကျန့်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

“လျိုဟွမ်က အရမ်းဉာဏ်များတယ်။ အရင်က ကျွန်တော် သူ့အနားမှာ လူတချို့ သူလျိုထည့်ထားဖူးတယ်။ ဒါပေမဲ့ သူတို့အားလုံး … မော့လီရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားကြတယ်။ ဒါကြောင့် ကျွန်တော် ယုံရမဲ့သူများများစားစား မရှိဘူး ”

ထိုရှင်းပြချက်ဖြင့် လုကျိုးက လူများသည် စာတစ်စောင် မည်သို့လုပ်နိုင်သည်ကို နားလည်သွားတော့သည်။ သူက ပြောလိုက်၏။

“ မင်း အခုကစပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ မင်းကိုယ်တိုင် စာရေးသင့်တယ် ”

“ပြဿနာ မရှိဘူး ” ကျန်းအိုက်ကျန့်က ပြန်ဖြေလိုက်သည်။ ရှာတွေ့သမျှ ဟာကွက်များကို လိုက်လံဖြည့်ရမည် ဖြစ်၏။

ကျွီ

ရထားလုံးက နွေဦးစံအိမ်ထဲ ဝင်ရောက်လာသည်။

ရှောင်ယွမ်အာက ရထားလုံးမှ ခေါင်းလေးပြူကာ ကြည့်လိုက်သည်။ ထို့နောက် သူမက အထဲကို ကြည့်လိုက်ရင်း  “ တပည့်တို့ချည်းပဲ မဟုတ်ဘူး”

ကျန်းအိုက်ကျန့်က ပြောလိုက်သည်  “ ပုံမှန်ပါပဲ .. ဒုတိယမင်းသားက မယ်တော်ကြီး ဘာကြိုက်မှန်း သိလို့ သဘင်အဖွဲ့သားတွေကို ဖိတ်ခေါ်ထားတယ် ”

လုကျိုးက ပြတင်းပေါက်မှ မကြည့်လိုက်ပေ။ ထိုစဉ် သူတို့ရထားလုံးဆီ အစောင့်အကြပ်တချို့ ရောက်လာကြ၏။

ကျန်းအိုက်ကျန့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။  “ သူတို့က ကျွန်တော်တို့ ဇာစ်မြစ်ကို လာစစ်တာ။ ကျွန်တော် ပြောလိုက်မယ် ”

လုကျိုးက လုံးလုံး စိတ်မပူပေ။ သူက လန်လော့သာ သူ့တာဝန်ကျရှုံးသွားလျှင် ဘာဆက်လုပ်ရမည်ကိုသာ တွေးတောနေသည်။ သူက မဟာနည်းစနစ် ထုတ်လွှင့်ပြီး နတ်ခြင်္သေ့ပေါ် တက်ကာ ထွက်ပြေးနေရလိမ့်မည်။ အကယ်၍ ဒီလိုသာဖြစ်ခဲ့ပါက မိစ္ဆာအိုကြီးအတွက် နာမည်ပျက်စရာ ဖြစ်ပေမည်။ အဆုံးသတ်၌ လုကျိုးက မုတ်ဆိတ်အသာသပ်ကာ မေးလိုက်သည်  “ မင်းဆီမှာ ထွက်ပြေးဖို့ အစီအစဉ်ရှိလား ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now