အခန်း(၃၅၆) သူ အေးနေတာ ဖြစ်မယ်

966 124 1
                                    

အခန်း(၃၅၆)  သူ အေးနေတာ ဖြစ်မယ်

လူတစ်ယောက်၏ ရှင်သန်လိုစိတ်ကို ပြန်လည်အသက်သွင်းဖို့အတွက် ရှေ့ခရီးလမ်းက မည်မျှမှောင်မိုက်နေစေကာမူ လမ်းကို ထွင်သွားဖို့က မည်မျှအရေးကြီးကြောင်း ပြောပြရမည်။ မျှော်လင့်ချက်က ရှေ့ဆက်လျှောက်လှမ်းဖို့ အကောင်းဆုံး ခွန်အား ဖြစ်၏။ လုကျိုးက ယွီရှန်းရုန်တစ်ယောက် သူ့ရှေ့  ဝပ်တွားနေသည်ကို မြင်ရသည်မှာ အနည်းငယ် စိတ်ထိခိုက်မိ၏။

သူက ခဏကြာတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“ထ ”

ယွီရှန်းရုန်က မတ်မတ်ရပ်ကာ အနက်ရောင်ပိုးသေတ္တာကို ယူလိုက်သည်။

လုကျိုးက ပြောလိုက်သည်။

“ဒီဆေးလုံးက ထူးခြားတယ်။ မင်း သက်တမ်း နှစ်၂၀၀ လောက် ရလိမ့်မယ် ”

“နှစ် ၂၀၀ ဆို လုံလောက်ပါပြီ” ယွီရှန်းရုန်က လောဘမကြီးပေ။ သူ ကျန်းလျန်ကို သတ်လိုက်စဉ်က သက်တော်ရှည်ဓားမှ လျော့ပါးသွားသည့် စွမ်းအားက သက်တမ်း ၂၀၀ နှင့် ညီမျှပေသည်။

လုကျိုးက ပြောလိုက်သည်။

“ မလုံလောက်သေးဘူး။ အဝေးကြီးလိုသေးတယ်။ မင်း နှစ် ၂၀၀ အတွင်း ပွင့်ချပ်ကိုးလွှာအဆင့်ကို ဘယ်လိုရောက်အောင် လုပ်မှာလဲ ”

ယွီရှန်းရုန်က ကြောင်သွားလေသည်။

လုကျိုးက ဆက်ပြောလိုက်၏။

“ မင်း ပြောတော့ ပွင့်ချပ်ကိုးလွှာအဆင့် တံခါးနောက်မှ အဆုံးမဲ့အမှောင်ထုအပြင် ဘာမှမရှိဘူးဆို … ဒါပေမဲ့ ငါတော့ အဲလိုမထင်ဘူး ”

ဖြတ်လမ်းဟူ၍ မရှိပေ။ ပွင့်ချပ်တစ်လွှာမှ ပွင့်ချပ်ရှစ်လွှာအထိ ခရီးလမ်းက အစကတည်းက အတားအဆီးအပြည့် ဖြစ်၏။ ပွင့်ချပ်ရှစ်လွှာမှ ကိုးလွှာသို့ မည်ကဲ့သို့ အလွယ်တကူ ရောက်နိုင်မည်နည်း။

ယွီရှန်းရုန်က အံ့ဩသွားလေသည်။ ပြန်လည်သုံးသပ်ရေးဂူဝမှာ သူ့ရှစ်စွင်း ပြောခဲ့သည့် ပွင့်ချပ်ကိုးလွှာအဆင့် အကြောင်းက သွေးပူ၍သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ တကယ်တမ်း သူ ထင်ထားသလောက် ရိုးရှင်းပုံမပေါ်ပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Onde histórias criam vida. Descubra agora