အခန်း (၂၀၀) တစ်မိုးသားအောက် အကြီးမြတ်ဆုံးဂိုဏ်း
ဝေ့ကျိုးယန်က လီကျင်းယီ၏ အကြံအတိုင်း လိုက်လုပ်ကာ နောက်ဆုတ်လိုက်သည်။ သူ့လက်ထောက်လေးယောက်လုံးလည်း နောက်ဆုတ်လိုက်ကြသည်။ သူက သက်ပြင်းအသာ ချလိုက်ပြီးနောက် လီကျင်းယီ၏ ကျောဘက်ကို ကြည့်လိုက်သည်။
ဝေ့ကျိုးယန်က ယခုလို နေရာရောက်လာဖို့ လီကျင်းယီအပေါ် မှီခိုခဲ့ရတယ်ဆိုတာ ဘယ်သူက တွေးမိမှာလဲ …
သူက ပင်ပန်းနေလေ၏။ သူက အဖြစ်အပျက် အပြောင်းအလဲများကြောင့် ဒီနေရာအထိ ရောက်လာကာ နိုင်ငံတစ်ခုလုံးနှင့် ချည်နှောင်ခံလိုက်ရသည်။
လီကျင်းယီက ဝေဟင်ကို မော့ကြည့်ကာ “ တစ်မိုးသားအောက်က အကြီးမြတ်ဆုံးဂိုဏ်းဖြစ်တဲ့ ငရဲဂိုဏ်းက ဒီအထိရောက်လာတာ ဂုဏ်ယူစရာပါပဲရှင်။ ကျွန်မရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ် ”
ရထားလုံးပျံမှ အသံက ယုံကြည်ချက်အပြည့် ထွက်ပေါ်လာသည် “ ငါ လိုချင်တာ ဝေ့ကျိုးယန်ရဲ့ အသက်ပဲ”
ထိုစကားများက တည့်တိုးဆန်လှ၏။
“ကျွန်မ နားမလည်ဘူး။ ငရဲဂိုဏ်းက တော်လှန်ရေးတပ်နဲ့ စစ်သူကြီး ကိစ္စတွေမှာ ဘာလို့ဝင်ရှုပ်နေရတာလဲ။ တာ့ယန်ကို ရန်သူဖြစ်စေချင်လို့လား ”
“မင်း သေချင်နေတာလား” ထိုစကားအဆုံးတွင် အားပြင်းပြင်း အသံလှိုင်း ကပ်ပါလာသည်။
နားထောင်သူများ၏ နားက တုန်ဟီးသွားလေ၏။
ထို့နောက် ဧရာမဓားကြီး ပေါ်ထွက်လာသည်။ ယခင်ထက် ပိုမို ကြီးကျယ်လှသည်။
နှစ်ဖက်လုံးက နောက်ဆုတ်လိုက်ကြသည်။
မျက်နှာဖုံးတပ် ကျင့်ကြံသူများပင် မဟူရာကောင်းကင် ကြယ်အလင်းရောင်ကို စိုးထိတ်ကြသည်။
ဝုန်း ..
နှစ်ဖက်ကြား ချောက်နက်ကြီး ပေါ်ထွက်လာသည်။ ထိုနေရာရှိ အိမ်များလည်း ပြိုကျသွားကြ၏။
“ စစ်သူကြီးဝေ့ နောက်ဆုတ်” လီကျင်းယီက ဝေ့ကျိုးယန်ကို သတိပေးလိုက်သည်။
أنت تقرأ
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
فكاهةအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...