အခန်း (၂၀၈) မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခွင့်၊ စီးဝူယာ့ ဘယ်မှာလဲ

1.1K 138 0
                                    

အခန်း (၂၀၈) မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ခွင့်၊ စီးဝူယာ့ ဘယ်မှာလဲ

ကျန်းအိုက်ကျန့်က ဝင်ပါရသည်ကို မကြိုက်သော်လည်း အမြဲလိုလို ဖိအားပေးခံနေရသည်။ ဤတစ်ကြိမ်လည်း အတူတူ ဖြစ်၏။ သူ ဝင်ပါပြီးနောက် ချက်ချင်း နောင်တရသွားသည်။

သူက ဘာလို့များ လေလုံးကြီးမိနေတာလဲ … ဘာလို့ ဝင်ပါချင်ရတာလဲ … ဒါက သူနဲ့ မဆိုင်ဘူးလေ။

မိစ္ဆာအိုကြီးက ဒီအကွက်ကို မြင်ပြီးလောက်လေပြီ။ သူ မပါတော့လျှင်ပင် ကိစ္စများက အတူတူ ဖြစ်သွားမည်သာ ဖြစ်၏။ ထို့အပြင် သူ့ရှေ့မှ လူသည် လောကတွင် အကြီးမြတ်ဆုံး မိစ္ဆာကြီး ဖြစ်၏။ ထို့အပြင် မိစ္ဆာလေး သုံးယောက်လည်း ရှိနေသေးသည်။ သူတို့တစ်ယောက်ချင်းစီက သူ့အသက်အား အလွယ်လေး နုတ်ယူသွားနိုင်သည်။

ကျန်းအိုက်ကျန့်က လုကျိုးရှေ့ ရပ်နေရင်း ရယ်မောပြီးနောက် အသာဦးညွှတ်လိုက်သည်။ သူက နှုတ်ခမ်းသပ်ကာ “လောင်ချန်းပေ့ … ကျွန်တော်က ကျန်းအိုက်ကျန့်ပါ။ ကြေးစားလောကရဲ့ ကျန်းအိုက်ကျန့်”

“ မင်းက တကယ်ကို အကြံသမားပဲ” လုကျိုးက စားပွဲရှေ့ မထိုင်ခင် ကျန်းအိုက်ကျန့်udk စိုက်ကြည့်လိုက်သည်။

“လောင်ချန်းပေ့ … ဒီပူးပေါင်းမှု … ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အလုပ်ဖြစ်မယ် မထင်ဘူးလား” ကျန်းအိုက်ကျန့်က မေးလိုက်သည်။

“ငါတော့ မထင်ဘူး ”

လုကျိုးက မျှော်စင်ဆီ ပြန်ရောက်လာစဉ်က တွက်ချက်မှုအချို့ လုပ်ခဲ့သည်။ သူက လှောင်ချိုင့်သုံးကတ်ဖြင့် ယွင်စန်းအား ဖမ်းဆီးခဲ့၏။ သူတို့က အရင်အဟောင်းများ ဖြစ်သော်လည်း ပစ္စည်းဈေးနှုန်းက မြင့်တက်သွားခဲ့လေပြီ။ ယွင်စန်း၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့်မျှသာ ရှိထား၏။

သူ့ကို ဖမ်းဆီးခြင်းက လုကျိုးအား ကုသိုလ်ရမှတ် ထိုက်ထိုက်တန်တန် မရစေပေ။ ကုသိုလ်ရမှတ် ရဖို့ ခက်ခဲသည့် အခြေအနေမျိုးကို တွက်ချက်လိုက်လျှင် သူ့အတွက် အရှုံးကြီး ဖြစ်နေသည်။

ကျန်းအိုက်ကျန့်က အတင်းပြုံးလိုက်ကာ  “ ဒီနေ့အဖြစ်အပျက်အတွက် ကျွန်တော်ကို အပြစ်တင်လို့တော့ မရဘူး။ အပြစ်တင်ချင်ရင် ခုနှစ်ယောက်မြောက် တပည့် စီးဝူယာ့ကိုပဲ အပြစ်တင်ရမှာ … နောက်ကွယ်ကနေ စီစဉ်သွားတာ သူပဲ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now