အခန်း(၃၈၂) ရည်မှန်းချက်နှင့် သန္ဓေပြောင်း ရွှေကြာ

998 119 5
                                    

အခန်း(၃၈၂) ရည်မှန်းချက်နှင့် သန္ဓေပြောင်း ရွှေကြာ

ကျောက်စိမ်းယဇ်ပလ္လင်က အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု ထိုငြိမ်းအေးမှုက ပျောက်ဆုံးသွားလေပြီ။ ပလ္လင်ပေါ်ရှိ ကျောက်ပြားများက အက်ကွဲနေပြီး  နေရာပတ်လည်အားလုံး ပျက်စီးနေလေသည်။ အကယ်၍ နှစ်ယောက်လုံးသာ သူတို့တိုက်ပွဲကို ဝေးဝေးမရွေ့လျှင် ကျောက်စိမ်းယဇ်ပလ္လင်တစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မည်။

ငရဲဂိုဏ်း၏ တပည့်များက ထိုအရာကို မြင်ကာ စိတ်ငြိမ်ငြိမ်ထားဖို့ အခက်တွေ့နေကြသည်။ သူတို့က ယွီရှန်းရုန်နှင့် မကောင်းဆိုးဝါးကြားမှ တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ကြသော်လည်း အဝေးမှ အသံများပေါ် မူတည်၍ မည်မျှကြောက်ဖို့ကောင်းမှန်း ပြောနိုင်သည်။

ခဏအကြာတွင် ဆူညံသံအားလုံး ငြိမ်ကျသွားသည်။

ငရဲဂိုဏ်း၏ တပည့်များက ကျောက်စိမ်းယဇ်ပလ္လင်မှ ခုန်ဆင်းလိုက်ကြသည်။ ယဇ်ပလ္လင်ကား ရှုပ်ထွေးကာ ဖရိုဖရဲ ဖြစ်နေပြီး မြေပေါ်နေရာအနှံ့ တွင်းများ ဖြစ်နေသည်။ သူတို့က အဝေးတစ်နေရာဆီ ပျံသန်းလိုက်ကြပြီး တိုက်ပွဲခြေရာအတိုင်း လိုက်လာကြသည်။ ခဏအကြာတွင် သူတို့က တိုက်ပွဲ၏ အလယ်ဗဟိုချက်သို့ ရောက်လာကြသည်။ မညီမညာသော မြေပြင်တွင် နက်ရှိင်းသော တွင်းချိုင့်ကြီး ဖြစ်နေတာမှလွဲ၍ ပုရွက်ဆိတ်အလောင်းပင် မမြင်ရပေ။ အသက်ဓာတ်ပြည့်ဝနေခဲ့သည့် သစ်ပင်များ၊ မြက်ပင်များနှင့် ပန်းမန်များပင် ခြောက်သွေ့နေကြသည်။

“ဒီနေရာမှာ ဘာဖြစ်သွားတာလဲ”

အားလုံးက သူတို့ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။

“ဒီမှာ မကောင်းဆိုးဝါးတစ်ကောင်ထက် ပိုရှိမယ်တူတယ်။ လူတစ်ယောက်ကို နောက်လူတစ်ယောက်ကို ကြိုးနဲ့ဆွဲပြီး ပျံသွားတာကို မြင်လိုက်ရတာ။ အဲဒါက ကြည့်ရတာ အလောင်းနဲ့ တူတယ်” ပျို့တက်သံ မကြားလိုက်ရခင် တစ်ယောက်က ပြောလိုက်သည်။

“ ကြည့်ရတာ ရုပ်သေးရုပ်နဲ့ စုန်းအတတ် ပညာ ထင်တယ် … ဒါက ဒုတိယသခင်လေးအတွက် နိမိတ်ဆိုးပဲ .. ငါတော့ စိုးရိမ်မိတယ်”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Nơi câu chuyện tồn tại. Hãy khám phá bây giờ