အခန်း(၃၄၈) ယွီရှန်းရုန်၏ လျှို့ဝှက်ချက်
ယခင်တစ်ပတ်ကျော်အတွင်း လုကျိုးသည် ထူးခြားအံ့ဖွယ်စွမ်းအား အပြည့်အဝ ပြန်ပြည့်သွားအောင်အထိ ကောင်းကင်ကျမ်းကိုသာ ဆင်ခြင်လေ့လာနေသည်။ သူ့ထူးခြားအံ့ဖွယ် စွမ်းအား ပြန်လည်ပြည့်ဝသွားပြီးသည့်နောက် ဆက်လက်ဆင်ခြင်နေခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးမှာ အရေအတွက် တိုးလာခြင်း ဖြစ်၏။ သို့သော်လည်း လုကျိုးက ရပ်တန့်ဖို့ ရွေးချယ်လိုက်သည်။
သူက မျက်လုံးဖွင့်လာကာ လက်ကျန်သက်တမ်းအား တစ်ချက်ကြည့်လိုက်သည်။
၆၅၇၄ ရက်
“ ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းတာက လူတစ်ယောက်ရဲ့ သက်တမ်းကို ပျက်စီးစေတယ်ဆိုတော့ ငါ့ဆီမှာသာ အကြောင်းပြန်လှန်ကတ် အလုံအလောက်ရှိထားရင် ဖြတ်ကျော်နိုင်လောက်လား”
လုကျိုးက စဉ်းစားနေမိသည်။ သူ့တွင် အကြောင်းပြန်လှန်ကတ် ၂၂ ကတ် ကျန်ရှိသေး၏။
လုကျိုးက တစ်ကတ်ကို သုံးလိုက်သည်။ ယခင်ကဲ့သို့ အရှေ့ဘက်မျှော်နန်းဝန်းကျင်မှ အသက်ဓာတ်များ သူ့ဆီ စုဝေးလာကြသည်။ ခဏအကြာတွင် ပြီးဆုံးသွားလေသည်။ သူ ထင်ထားသည့်အတိုင်း လက်ကျန်သက်တမ်းက ၆၈၇၄ ရက် ဖြစ်သွားသည်။
ပွင့်ချပ်ကိုးလွှာအဆင့်က သူ့သက်တမ်းနှင့် ပတ်သက်နေလျှင် အကြောင်းပြန်လှန်ကတ်များက ပို၍ အရေးကြီးလာနိုင်သည်။
လုကျိုးက အကြောင်းပြန်လှန်ကတ်၏ ဈေးကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ဈေးမတက်သေးပေ။
ထို့နောက် သူက ယွီရှန်းရုန်နှင့် ဆက်နွယ်နေသည့် တာဝန်နှစ်ခုကို ကြည့်လိုက်သည်။ ပထမတစ်ခုက မုရှီး သက်တမ်း ဖြစ်ပြီး ဒုတိယတစ်ခုက ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာအသစ် ဖြစ်ပေသည်။
တာဝန်နှစ်ခုလုံးကို မပြီးမြောက်သေးကြောင်း စာတန်းပြထားသည်။
သူက မုရှီးသည် ယွီရှန်းရုန်နှင့် အတော်လေး ပတ်သက်နေမည် ဖြစ်ကြောင်း သေချာသိနေ၏။
“သက်တော်ရှည်ဓား …” လုကျိုးက ဓားအကြောင်း တွေးမိသွားသည်။
ŞİMDİ OKUDUĞUN
ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2
Mizahအကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့...