အခန်း (၂၁၈) တစ်စုံတစ်ယောက်ကို ဖျောင်းဖျဖို့ နည်းလမ်း (က)

1.1K 131 1
                                    

အခန်း (၂၁၈) တစ်စုံတစ်ယောက်ကို ဖျောင်းဖျဖို့ နည်းလမ်း (က)

စီးဝူယာ့က ပြုံးကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“ ဖြောင့်မတ်ခြင်း လမ်းစဉ် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ မိစ္ဆာဝေဟင်မျှော်နန်းအပေါ် အမုန်းတရား သိပ်မရှိတဲ့ ခုနှစ်စင်ကြယ်ရွာနဲ့ ပင်မနှလုံးသားဂိုဏ်းတို့နဲ့ ကြားထဲက ဂိုဏ်းတွေဖယ်လိုက်ရင် ဂိုဏ်းသုံးဂိုဏ်း ကျန်တယ်။ ကောင်းကင်ဓားဂိုဏ်း၊ သမာသမတ်ဂိုဏ်း၊ ကျင့်မင်တာအိုဂိုဏ်းနဲ့ အဇဋာအကျော်အမော်များဂိုဏ်းတွေက တာအိုအရင်းအမြစ် အတူတူပဲ။ ကံကြမ္မာကောင်း ဘုရားကျောင်း၊ ဟုန်ချူး အဖွဲ့ခွဲ၊ ကျန့်ချိန်အဖွဲ့ခွဲနဲ့ တွမ့်လင်းအဖွဲ့ခွဲတို့ကလည်း ကွန်ဖြူးရှပ်ကျောင်း အရင်းအမြစ် တူတယ်။ နောက်တစ်ခုက ပိုညင်သာပြီး ပျော့ပျောင်းတယ်။ သူတို့က မိစ္ဆာလမ်းစဉ်တွေနဲ့ ပဋိပက္ခ ဖြစ်လေ့ မရှိကြဘူး။ အဲဒီအစား မိစ္ဆာဂိုဏ်းတွေကို ပြဿနာရှာကြတာ တာအိုဂိုဏ်းတွေပဲ …  ”

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“သမာသမတ်ဂိုဏ်းရဲ့ အကြီးအကဲ ကျန့်ချိုးချီနဲ့ ကျန့်ချွမ်းလိုင်တို့က သေသွားကြပြီ။ ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လော့ချန်းဖုန်းလည်း သူတို့ ရွှေနန်းဥယျာဉ်တောင်ကို ဝင်စီးတုန်း ရှစ်စွင်းဆီကနေ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်။ ကျင့်မင်တာအိုဂိုဏ်းက အခု တာ့ရှစ်ရှိုးကျေးဇူးနဲ့ အခု သူတို့ဘာသာ ရပ်တည်ထားနိုင်တယ်ဆိုရုံလေးပဲ ….

နတ်ဘုရားသခင်ဂိုဏ်းကတော့ ဘာမှမလှုပ်ရှားလာသေးဘူး။ ကြည့်ရတာ သမာသမတ်ဂိုဏ်းနဲ့ ကောင်းကင်ဓားဂိုဏ်းတို့က အရင်လှုပ်ရှားကြပုံပဲ။ ဒါပေမဲ့ သမာသမတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျန့်ယွမ်ရှန်းကတော့ ငကြောက်ဆိုပြီး လူသိများတယ် …

ကျန့်ယွမ်ရှန်းက ဒီမတိုင်ခင် ကျောက်စိမ်းယဇ်ပလ္လင်မှာ မိစ္ဆာဘုရားကျောင်းရဲ့ ရန်ပုတင်းနဲ့ တွေ့ခဲ့တယ်။ အခု ရန်ပုတင်းက သေသွားပြီဆိုတော့ ကျန့်ယွမ်ရှန်းက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ တစ်ခါသေဖူး ပျဉ်ဖိုး နားလည်ဆိုသလိုပဲလေ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Donde viven las historias. Descúbrelo ahora