အခန်း (၃၄၃) မုရှီး၏သက်တမ်း

952 132 1
                                    

အခန်း (၃၄၃) မုရှီး၏သက်တမ်း

လုကျိုးသည် တစ်ဖက်တွင် ထိုင်နေသော ဖန်လီထျန်းကို ကြည့်လိုက်၏။ ဖန်လီထျန်းသည် ခရီးများစွာ ထွက်ခဲ့ဖူးပြီး အသိအမြင်ကြွယ်၏။ ဗဟုသုတက လန်လော့နှင့် ယှဉ်နိုင်တာ သေချာ၏။ ဖန်လီထျန်းက ပြောလိုက်သည်။

“ကျုပ် အဲဒီအကြောင်း ကြားဖူးတယ်။ မုရှီးက နံနက်ခင်းမှာ ပွင့်ပြီး နေဝင်ရီတရောအချိန်မှာ ညှိုးသွားတာ ပန်းတိုင်းက တစ်ရက်ပဲ ခံတယ်။ သူက နေ့မှာပွင့်ပြီး ညကျရင် နွမ်းသွားတာ ပွင့်ချပ်အသစ်တွေက သေဆုံးပြီးနေရာမှာ အစားထိုးလာတယ်။ အဲဒါက ဖူးပွင့်တဲ့အချိန်က ရှည်ကြာတယ်။ အသက်ရှည်ပန်းပွင့်လို့လည်း သိကြတယ်။ မုရှီးက အင်မတန် သက်တမ်းတိုတာ၊ ဒါကြောင့် တခြားနာမည်တွေ အများကြီးလည်းရှိတယ်။ အသက်ရှည်ပန်းပွင့်ဆိုတာက သူက ထာဝရဖူးပွင့်ပြီး ဘယ်တော့မှ မညှိုးနွမ်းဘူးလို့ ဆိုလိုတာပဲ”

ဟွားဝူတောက်က လက်သီးဆုပ်မိုးလိုက်၏။

“ဒီနေ့ အသစ်တစ်ခုကို သင်ယူရရှိလိုက်ပြီပဲ”

“...”

လုကျိုးသည် ဟွားဝူတောက်က သူ့ကို အချက်အလက်အချို့ပေးမည်ဟု မျှော်လင့်နေခဲ့တာ ဖြစ်သည်။ ထိုတုံ့ပြန်မှုဖြင့် သူက မျှော်လင့်ချက် မဲ့သွားပုံရ၏။

လန်လော့က ဆက်ပြောလိုက်သည်။

“မုရှီးက ထူးခြားတယ်။ သူတို့ကို စိုက်ပျိုးချင်တဲ့သူ များများစားစား မရှိဘူး။ တာ့ယန်မှာ သူတို့ကို မြင်တွေ့ရတာ ရှားပါးသွားပြီ။ ဘာအတွက်ကြောင့်များ မေးတာပါလဲ မျှော်နန်းသခင်”

လုကျိုးသည် မေးခွန်းကို ချက်ချင်း မဖြေခဲ့ပေ။ လန်လော့နှင့် ဖန်လီထျန်းတို့ ပေးသည့် သတင်းအချက်အလက်က သူ သိထားသည်နှင့် တူနေ၏။ သူက ယွီရှန်းရုန်ပြောခဲ့သည့် မွေးရပ်မြေတွင် ပေါက်သည့် မုရှီးပန်းအကြောင်းနှင့် ဆက်စပ်မိသွားသည်။ ယင်းက ခဏတာသာ ရှင်သန်နိုင်သည့် အပင်တစ်မျိုး ဖြစ်သည်။ ကြည့်ရသည်မှာ ထိုကဲ့သို့ အပင်မျိုးက မဟာနွယ်လူမျိုးအတွက် တွေ့မြင်နေကျ ဖြစ်ပုံပေါ်၏။ ယွီရှန်းရုန်သည် မဟာနွယ်လူမျိုးမှ ဆင်းသက်လာတာ ဖြစ်သည်။ စနစ်က သူ့ကို တာဝန်တစ်ခုလည်း ပေးထား၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Onde histórias criam vida. Descubra agora