အခန်း (၂၄၆) ပဒုမ္မာစင်မြင့်အထက်မှ အနိုင်အရှုံးလုပွဲ

1K 137 0
                                    

အခန်း (၂၄၆) ပဒုမ္မာစင်မြင့်အထက်မှ အနိုင်အရှုံးလုပွဲ

မီးခိုးရောင်ဝတ် ကျင့်ကြံသူက လှည့်ထွက်သွားလေသည်။

စီးဝူယာ့က သူ့အပေါ်ပိုင်း အဝတ်များကို ချွတ်လိုက်သည့်အခါ သူ့ရင်ဘတ်ပေါ်မှ သင်္ကေတက ရှိနေဆဲ ဖြစ်၏။ ပျောက်ကွယ်သွားမည့် အရိပ်အယောင် လုံးလုံး မရှိနေပေ။ သူက သက်ပြင်းအသာချလိုက်သည်။ မန္တန်မိကတည်းက သူက နည်းမျိုးစုံဖြင့် ချိုးဖောက်ဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း မန္တန်အပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိချေ။

စီးဝူယာ့က ရှေ့မှ မန္တန်များအကြောင်း ပါဝင်သည့် စာအုပ်များကို ကြည့်ကာ ခေါင်းခါလိုက်သည်။

‘ငါ စာအုပ်ထဲမှာ တွေ့တိုင်း ယုံလို့ မဖြစ်ဘူး … မန္တန် ချိုးဖောက်ရေး နည်းလမ်းတွေက အသုံးမဝင်ဘူး …’

သူက ဝတ်ရုံအသစ်လဲကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ အစောင့်တွေ ”

ဝှစ်

မီးခိုးရောင်ဝတ် ကျင့်ကြံသူများစွာက ချက်ချင်း ပေါ်လာကြသည်။

“ ဂိုဏ်းချုပ် …”

“ငါ ပဒုမ္မာစင်မြင့်ဆီ သွားမယ်”

မီးခိုးရောင်ဝတ် ကျင့်ကြံသူများက ထိုအကြောင်းကြားသည့်အခါ တစ်ယောက်က မော့ကြည့်ကာ လက်နှစ်ဖက်ယှက်လိုက်ပြီး  “ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံဆင့်က ပိတ်ဆို့ခံထားရတုန်းဆိုတော့ အဲဒီကို သွားတာ အန္တရာယ်များလွန်းပါတယ်။ ကျွန်တော် အကြံပြုချင်တာက … ”

စီးဝူယာ့က အဝတ်အစား သေချာဝတ်လိုက်ပြီး  “ ငါ သိတယ်။ ဒါပေမဲ့ ငါကိုယ်တိုင် သွားမှ ဖြစ်မဲ့ ကိစ္စတွေ ရှိနေတယ်။ မဟုတ်ရင် ငါ နေလို့ကောင်းမှာ မဟုတ်ဘူး ”

“ဒါပေမဲ့ … ”

“ဒါပေမဲ့တွေ လုပ်မနေနဲ့။ ငါ့စကားကို အလကားပြောတယ် ထင်နေလား” စီးဝူယာ့က လှည့်ကြည့်လိုက်သည်။

“ ကျွန်တော်တို့ မလုပ်ရဲပါဘူး။ ကျွန်တော်တို့ အသက်နဲ့ လဲပြီး ကာကွယ်ပေးဖို့ ကျိန်ဆိုပါတယ် ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now