အခန်း (၂၅၆) ငမိုက်သားက ညှိနှိုင်းနေခွင့် မရှိဘူး

970 154 0
                                    

အခန်း (၂၅၆)  ငမိုက်သားက ညှိနှိုင်းနေခွင့် မရှိဘူး

လုကျိုးက ခေါင်းခါကာ ပြောလိုက်သည်။

“ သူ့ကို ရှာနိုင်လား ”

“အာ ..” မင်ရှစ်ရင် မျက်နှာထက်တွင် နေရခက်သည့် အမူအရာမျိုး ပေါ်လာသည်။ နောက်ဆုံးတစ်ကြိမ် သူ စီးဝူယာ့ကို နောက်ယောင်ခံလိုက်ဖို့ ကြိုးစားခဲ့စဉ်အခါက အချိန်အတော်ကြာ ယူခဲ့ရပြီး ဒုက္ခမျိုးစုံ ဖြတ်ကျော်ခဲ့ရသည်။ သူ့ကို ချောက်လန့်လိုက်သလို ဖြစ်ပြီးနောက် စီးဝူယာ့တစ်ယောက် သတိကြီးကြီးထားနေလောက်လေပြီ။ စီးဝူယာ့ကို ရှာဖို့ မလွယ်လှပေ။ ထို့အပြင် သူက စီးဝူယာ့လောက် ဉာဏ်မကောင်းကြောင်း သိထားသည်။

ထိုစဉ် လုကျိုးသည် အရှေ့မျှော်နန်းဆောင်ရှိ သေတ္တာကို အမှတ်ရသွားသည်။ သူက ဖြည်းဖြည်းချင်း ထရပ်ကာ  “ဒါအကုန်ပဲ …”

အခြားလူများလည်း ထရပ်ကာ နှုတ်ဆက်လိုက်ကြသည်။

………..

အလှမ်းဝေးလှသော တဲအိမ်လေးအတွင်း …

စီးဝူယာ့က အထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။

“ဂိုဏ်းချုပ် … ကြွက်ငါးကောင်ဆီကနေ စာရောက်လာပါတယ်”

“ သူတို့ ကျရှုံးတယ်တဲ့လား ” စီးဝူယာ့က မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူတို့သာ အောင်မြင်လျှင် စာပို့နေမည် မဟုတ်ဘဲ ဒေါင်းမြီးယပ်တောင်နှင့်အတူ ပြန်ရောက်လာမည်မှန်း သိထားသည်။

“ ဟုတ်ပါတယ် … ကြွက်ငါးကောင်ရဲ့ ခေါင်းဆောင် ပိုင်ချင်းယွင်က စာထဲမှာ သူတို့ မိစ္ဆာဝေဟင်မျှော်နန်းမှာ ရှိနေတုန်း လန်လော့နဲ့ ဆုံလို့ ထွက်ပြေးခဲ့ရတယ်တဲ့ … ”

“ လန်လော့ … ရှစ်စွင်းက သူ့လက်အောက်မှာ ဒီလိုမျိုး နာမည်ကျော် ရှိနေတာပဲ …” စီးဝူယာ့က ခေါင်းခါလိုက်သည်။

“အဲဒီလူက သေးသွယ်အနောက်ပိုင်းကန်မှာ မဟူရာစစ်သည်တော်တွေကို တစ်ကွက်တည်းနဲ့ ရှင်းပစ်ခဲ့တာ။ အရင်တုန်းက ကြွက်ငါးကောင်လည်း လန်လော့လက်ထဲ အဖမ်းခံဖူးတယ်။ သူတို့ လန်လော့ကို ကြောက်နေတာ ပုံမှန်ပါပဲ … ထားလိုက်တော့ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now