အပိုင်း (၁၇၁)
အန်းရှသည် သူမ၏အရှေ့တွင်ရှိနေသော လက်ထပ်ဝတ်စုံအား မြင်လိုက်ရသောအခါ အံ့သြသွားလေသည်။
သူမသည် ထင်ယောင်ထင်မှားများ ဖြစ်နေခြင်းလား။
Ellie Saab ဖက်ရှင်ရှိုးမှ နောက်ဆုံးလက်ထပ်ဝတ်စုံသည် အဘယ်ကြောင့်များ သူမ၏အရှေ့သို့ ရောက်နေရသနည်း။
ထိုအရာသည် လုံးဝပင် လက်တွေ့မဆန်လှပေ။
သူမသည် လက်အားမြှောက်လိုက်ရင်း မျက်လုံးများအား ပွတ်လိုက်လေသည်။ သူမသည် အိပ်မက်မက်နေခြင်း မဟုတ်ပေ။
ထိုကဲ့သို့ သန်းခုနစ်ဆယ်တန် မိုးထိအောင် မြင့်မားလှသော ဈေးနှုန်းဖြင့် လက်ထပ်ဝတ်စုံသည် သူမ၏အခန်းထဲတွင် ရောက်နေလေသည်။
"ဖြစ်နိုင်တာက..." ဟော်စစ်။
သူမသည် အတွေးတစ်ခုအား တွေးလိုက်မိလေသည်။
ထိုဝတ်စုံသည် အစစ်အမှန်သာ ဖြစ်မည်ဆိုလျှင် ထိုဝတ်စုံအား သူမ၏အခန်းထဲသို့ ပို့ဆောင်ပေးနိုင်သော တစ်ဦးတည်းသောသူမှာ ဟော်စစ်ပင် ဖြစ်လေသည်။
သို့သော် ဟော်စစ်သည် မည်သည့်နေရာမှ ပိုက်ဆံများ ရခဲ့သနည်း။
သူသည် ထိုပိုက်ဆံများအား ကုမ္ပဏီအတွက် မသုံးခဲ့လေသလား။
သူမ၏အရှေ့မှ ဈေးကြီးလှသော လက်ထပ်ဝတ်စုံသည် တောက်ပြောင်နေလေသည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်ကာ ဟော်စစ်အား ဖုန်းခေါ်လိုက်လေသည်။
"ဟေး... ဟော်စစ်... ရှင်ဒီကို လာခဲ့ပါဥိီး..."
ဟော်စစ်သည် ဘာမျှ မပြောရသေးခင်တွင်ပင် အန်းရှသည် ဖုန်းချလိုက်လေသည်။
ထိုကဲ့သို့ မိုးထိအောင် မြင့်မားလှသော ဝတ်စုံအား မြင်လိုက်ရသောအခါ အန်းရှသည် စိတ်ရှုပ်သွားရလေသည်။
အန်းရှသည် ထိုဝတ်စုံအား ပွတ်သပ်လိုက်သောအခါ အေးမြလှသော စိန်လေးသည် သူမအား တုန်လှုပ်သွားစေလေသည်။
ဟော်စစ်သည် အဘယ်ကြောင့်များ ထိုဝတ်စုံအား ဤနေရာတွင် လာထားထားရသနည်း။ လက်ဆောင် ထပ်ပေးခြင်းပေလား။
![](https://img.wattpad.com/cover/343750833-288-k556053.jpg)
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်