Chapter 2

4K 281 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
Chapter 2
ဘာသာပြန်သူ – Utopia

“ အစ်ကိုကျီ ”

သူမက မျက်ရည်တွေ အပြည့်နဲ့ ဆိုလာတယ်။

“ မင်ဝေ့ ”

သူမရဲ့ အမူအရာလေးကြောင့် ရင်တွေ ကွဲမတတ် ခံစားရပြီး ချက်ချင်းပဲ သူမလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

“ ပြန်လာခဲ့ပါ။ ဦးလေးကျန်းနဲ့ ကိုယ်တို့ မင်းကို တစ်ချိန်လုံး စောင့်နေခဲ့ရတာ။ အခုဆို အရာအားလုံး သူ့နေရာမှန်ကို ပြန်ရောက်တော့မယ် ”

အို ဘယ်လောက်တောင် ရင်ထဲ ထိလိုက်လဲ !

မုမင်ထန် ခပ်ထေ့ထေ့ ပြုံးလိုက်တယ်။ သူမ နားထောင်လေ ဟာသတစ်ခုလို ပိုပြီးတော့ ခံစားရလာလေပဲ။ ကျန်းမင်ဝေ့နဲ့ ရှဲ့ရွှမ်းကျီက ငယ်ချစ်ဦးတွေ ဒါတောင်မှ အထင်လွဲမှားမှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ခွဲပစ်နိုင်ခဲ့တယ်။ အခု သူတို့နှစ်ယောက် ပြန်တွေ့ကြပြီး ပြေလည်သွားကြပြီဆိုတော့ အခု လုပ်စရာဆိုလို့ နှစ်ဖက်မိဘတွေရဲ့ ကောင်းချီးတွေကို ခံယူပြီး ပျော်ပျော်ရွှင်ရွှင်ကြီး လက်ထပ်ဖို့ပဲ ကျန်တော့တယ်။

ဘယ်လောက်တောင် မျက်ရည်ကျချင်စရာ ချစ်ဇာတ်လမ်းလေးလဲ။

ဒီဇာတ်လမ်းထဲမှာ မုမင်ထန်က တတိယလူပါပဲ။ အစကနေ အဆုံးအထိ အပြင်လူတစ်ယောက်ပဲ ဖြစ်နေခဲ့တယ်။

ဟုတ်ပါတယ် – ကျန်းမင်‌ဝေ့နဲ့ ရှဲ့ရွှမ်းကျီတို့ ပြောနေကြတဲ့ အဲ့ “ သူမ ” ၊ “ အစားထိုးခံ ” ဆိုတာ မုမင်ထန်ပါပဲ။

ရှဲ့ရွှမ်းကျီ ပြောသွားသလိုပဲ မုမင်ထန်က သူတို့နှစ်ယောက်နဲ့ ယှဉ်လိုက်ရင် မရှိမရှား မိသားစုလေးက လာတာဖြစ်တယ်။ ရှဲ့ရွှမ်းကျီက ကျင်းဝမ်ဘွဲ့ကို ရထားတဲ့ တော်ဝင်မင်းသားတစ်ပါးဖြစ်ပြီး ကျန်းမင်ဝေ့ကတော့ ရာထူးကြီးအမတ်တစ်ယောက်ရဲ့ သမီးဖြစ်တယ်။

မုမင်ထန်ကတော့ ရှန်းယန်မှာ မွေးဖွားပြီး သူမ မိဘတွေက ပညာသင် မိသားစုက မဟုတ်သလို အရာရှိမျိုးရိုးလည်း မဟုတ်ဘူး။ ငွေအသပြာတွေက လွဲရင် ဘာမှမရှိတဲ့ ကုန်သည်မိသားစုက ဖြစ်တယ်။  သူတို့က ကျိကျိတက် ချမ်းသာပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မိသားစုကတော့ မဟုတ်ပေမဲ့လည်း သူမ မိဘတွေက တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးကြပြီး ပိုက်ဆံဆိုတာလည်း ဘယ်တုန်းကမှ မရှားခဲ့ဖူးဘူး။ သူမ မိဘတွေရဲ့ အချစ်တွေနဲ့အတူ မုမင်ထန်က အရွယ်ရောက်တဲ့အထိ ပြည့်ပြည့်စုံစုံ ဘာအခက်အခဲမှ မရှိဘဲ နေခဲ့ရတာပဲ ဖြစ်တယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now