Chapter 75

1.8K 169 0
                                    

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 75
Translator – Utopia

သူမသာ သော့ဖွင့်ကြည့်ဖို့ လုပ်ခဲ့မယ်ဆို တကယ်ကြီး သူတို့ထောင်ချောက်ထဲ ကျသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ဝမ်ဖေးတစ်ပါးဖြစ်ပြီး တော်ဝင်မိသားစုဝင်ပဲ။ တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သူမကို သူတို့ ရိုက်မှာတော့ မဟုတ်ဘူး။ အဲ့အစား သူတို့က နည်းလမ်းပြောင်းပြီး မုမင်ထန်ကို အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ကာ တစ်ယောက်တည်း အကျယ်ချုပ်ချထားလိုက်တယ်။ သူမ မခံစားနိုင်တော့တဲ့အခါမှ တစ်ယောက်ယောက်ကို လွှတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ကာ အမှန်ကို ဝန်ခံလာအောင် လုပ်လိမ့်မယ်။

ဒါပေမဲ့ မုမင်ထန်ရဲ့ အကောင်းဆုံး အားသာချက်က ဘာကိစ္စပဲကြုံပါစေ အကောင်းဘက်ကပဲ မြင်အောင်ကြည့်တတ်တာ ဖြစ်တယ်။ ကူးကူးတွေ ထွက်သွားပြီးတဲ့နောက် သူမ ဘုရားကျောင်းထဲ လှည့်ပတ်လျှောက်ကြည့်ပြီး အိပ်ရာတစ်ခုလည်းတွေ့‌ရော စိတ်အေးချမ်းသာစွာနဲ့ အိပ်နေတော့တယ်။

မုမင်ထန် ညဉ့်နက်တဲ့အထိ အိပ်ကောင်းကောင်းနဲ့ အိပ်နေလိုက်တယ်။ သူမနိုးလာတော့ အခန်းတစ်ခုလုံးမှောင်မည်းနေပြီး ရိုးရိုးရှင်းရှင်း ထမင်းတစ်ပွဲသာ အရှေ့တံခါးမှာ လာချပေးထားတယ်။ နန်းတော်ရဲ့စံအတိုင်းလုပ်ထားတဲ့ ရိုးရိုးရှင်းရှင်း ထမင်းတစ်ပွဲဆိုပေမဲ့ စားစရာတွေက ကောင်းတယ်လို့ သူမကတော့ မြင်မိတယ်။

မှောင်မည်းနေတဲ့အခန်းထဲ မုမင်ထန် ထမင်းစားရင်း ကူးကူးတွေရဲ့ရည်ရွယ်ချက်က ဘယ်လိုလဲ သူမ နားလည်သွားတယ်။ ဒါပေမဲ့ သူမကတော့ သူတို့ထင်ထားသလို ဖြစ်လာမှာ မဟုတ်ဘူး။ မုမင်ထန် မြိန်ရေရှက်ရေနဲ့ပဲ အမှောင်ထဲ ထမင်းစားလို့ ပြီးသွားတယ်။ သူမလို စစ်ပြေးရင်း ဟိုပြေးဒီပုန်း လုပ်ခဲ့ရတဲ့ စစ်ဘေးရှောင်တစ်ယောက်က မှောင်မည်းပြီး မိုးကြိုးပစ်တာလောက်ကို ကြောက်စရာလား။

တကယ် ဟာသပဲ။
မုမင်ထန်က ပတ်ဝန်းကျင်နဲ့ အသားကျတာ မြန်တယ်။ အခန်းထဲ ဘာမီးမှမရှိဘူးဆိုတော့ သူမ အိပ်ရာထဲပဲ ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ဖန် လူချမ်းသာတွေရဲ့ နေထိုင်မှုပုံစံကို သူမ အားကျအံဩရပြန်တယ်၊ အခန်းထဲ ဘယ်သူမှမနေဖူးတာ‌တောင်မှ ပရိဘောဂအစုံနဲ့ အိပ်ရာကုတင် အကုန်အစုံ ရှိတယ်။ ပိုးသားစောင်ကို သူမ ကိုင်ကြည့်လိုက်တော့ အဲ့ဒါက ဒီနှစ်မှထွက်တဲ့ ပိုးထည်အသစ်ပဲ၊ ပြောရရင် စောင်က အသစ်စက်စက်ဆိုတဲ့သဘောပေါ့။

ဒီလောက်ကြီးမားတဲ့အိမ်တော်ကြီးမှာ ခန်းဆီးလိုက်ကာတွေ၊ အိပ်ရာတွေ၊ အိပ်ရာခန်းလိုက်ကာတွေ၊ ပြတင်းပေါက်ကလိုက်ကာတွေကို နှစ်တိုင်း၊ ရာသီပြောင်းတိုင်း လဲပေးရပြီး ဘယ်တော့မှ တစ်ခုတည်းကို ပြန်မသုံးချေ။ တစ်နှစ်တစ်နှစ်ကို ဘယ်လောက်တောင်များ ကုန်ကျစရိတ်တွေ များလိုက်မလဲ သူမ တွေးမိတယ်။

မုမင်ထန် အိပ်မရတာနဲ့ တောင်တောင်အီအီ လိုက်တွေးမိနေတော့တယ်။ သူတို့အားလုံးက ရှဲ့ရွှမ်းချန်ရဲ့ ပိုင်ဆိုင်မှုတွေက ဖြတ်စားလာဘ်စား လုပ်နေကြတာပဲ။ ရှဲ့ရွှမ်းချန်က နှစ်အတော်ကြာ စစ်ပဲတိုက်နေခဲ့ပြီး များစွာသော ဧကရာဇ်တွေရဲ့ဘဏ္ဍာတိုက်တွေကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဧကရာဇ်ကျိုးနဲ့ ယဲ့အင်ပါယာက ချီးမြှင့်တဲ့ ဆုလာဘ်တွေနဲ့ပါဆို ပြောမနေနဲ့တော့။ သူ တိုက်ပွဲက သိမ်းလာတဲ့ဟာတွေနဲ့တင် သူ့ပိုင်ဆိုင်မှုက တော်တော်ကို အထင်ကြီးစရာကောင်းနေပြီ။

မုမင်ထန်ကတော့ အရပ်သားပီပီပဲ သူမ ပိုင်တဲ့ပိုက်ဆံတွေကို သေချာ အာရုံစိုက်တယ်။ ရှဲ့ရွှမ်းချန်ကိုကြည့်ရတာ သူ့ပိုင်ဆိုင်မှုအကြောင်း အဲ့လောက် အာရုံမရှိတဲ့အပြင် အိပ်ရာထဲ မမာမကျန်းဖြစ်နေတာလည်း ကြာပြီမို့ သူတို့ ဘယ်လောက်တောင် သူ့ပိုင်ဆိုင်မှုတွေကို ခိုးစားထားကြမလဲ မသိဘူး။

ဒီအကြောင်းကို တွေးကြည့်မှ သူမ တစ်ခါမှ ချီယန်အိမ်တော်တစ်ခုလုံးကို မမြင်ဖူးသေးမှန်း သိလိုက်ရတယ်။ သူမ အိမ်တော်ကို နှစ်ခါပဲ ရောက်ဖူးတယ်၊ ပထမတစ်ခေါက်က မင်္ဂလာဆောင်တဲ့နေ့တုန်းက ဖြစ်ပြီး မင်္ဂလာပဝါပါးကို လွှားထားတော့ ဘာမှသေချာမမြင်ရချေ၊ နောက်တစ်ခေါက် ရှဲ့ရွှမ်းကျီနဲ့ ကျန်းမင်ဝေ့တို့ မင်္ဂလာပွဲနေ့တုန်းက အစောင့်တွေနောက် အမှီပြေးလိုက်ရင်း အိမ်တော်ပတ်ဝန်းကျင်ကို ကြည့်ဖို့တောင် အချိန်မရလိုက်ချေ။


အိမ်တော်ကလူတွေက သူမကို ဝမ်ဖေးလို့ မမြင်တာကို မပြောနဲ့ သူမကိုယ်တိုင်တောင်မှ ဝမ်ဖေးတစ်ပါးရဲ့တာဝန်တွေကို သူမလျစ်လျူရှုထားမိတာပဲလို့ ခံစားရတယ်။ သူနဲ့လက်ထပ်ပြီးတာ တစ်လကျော်ရှိပြီ ဆိုပေမဲ့ သူမအိမ်က ဘယ်လိုပုံရှိမှန်းတောင် သူမ ကောင်းကောင်း မသိသေးဘူး။

မုမင်ထန် ဖြေးဖြေးချင်း မျက်လုံးမှိတ်လိုက်ရင်း အိပ်တဝက်နိုးတဝက်နဲ့ အခွင့်အရေးများ ရှိခဲ့ရင် ချီယန်အိမ်တော်တစ်ခုလုံးကို သေချာလိုက်ကြည့်ဦးမယ်လို့ တွေးနေတော့တယ် .......

တစ်နေ့လုံး အမှောင်ခန်းထဲ ပိတ်ခံထားရရင် သူမတော့ သင်ခန်းစာရသွားမှာပဲလို့ ကူးကူးတွေက တွေးထားပေမဲ့ ၂ ရက်ကြာသွားတာတောင် မုမင်ထန်ကြည့်ရတာ အခန်းထဲ အတော်လေး စားဝင်အိပ်ပျော်တဲ့ပုံပဲ။ သူမကို ကြည့်ရတာ အားနည်းဖျော့‌တော့မနေဘဲ ပိုတောင် အားရှိလန်းဆန်းလာသလိုပဲ။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now