Chapter 56

1.9K 190 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 56
Translator – Utopia

ရှဲ့ရွှမ်းချန် အနောက်ဘက်ခန်းမဆောင်ကို ရောက်ရုံရှိသေး အတွင်းခန်းမှာ အမျိုးသမီးအဝတ်အစားတွေ ပစ်တင်ထားတာကို တွေ့လိုက်ရတော့တယ်။ ဒါက ဘာကိုဆိုလိုလဲ သူ ချက်ချင်း သဘောလိုက်ပြီး ခေါင်းငုံ့ ချောင်းဟန့်ကာ

"ဒုတိယမရီးတော် အစ်ကိုတော်ဆီ ပေးစရာရှိလို့ ကျွန်တော် လာခဲ့တာပါ။ အခု မရီးတော်နဲ့ စကားပြောလို့ ရနိုင်မလား"

ထိတ်လန့်သွားတဲ့အသံတစ်ခုက အခန်းထဲကနေ ထွက်ပေါ်လာပြီး

"အခုက အချိန်ကောင်း မဟုတ်ဘူး။ ထွက်သွားတော့!"

ရှဲ့ရွှမ်းကျီ ရှက်ရှက်နဲ့ တံခါးပြန်ပိတ်ပြီး လှည့်ထွက်လာခဲ့တော့တယ်။ မုမင်ထန် အဝတ်အစားလဲနေမယ်လို့ သူ မထင်ထားခဲ့ချေ။ အခုလို နေ့ခင်းကြောင်တောင်ကြီး အစောင့်တွေကလည်း တင်းတင်းကြပ်ကြပ် ကင်းလှည့်နေချိန်မှာ သတင်းထွက်သွားလို့ကတော့ သူ့နာမည်က ရစရာမရှိအောင် ပျက်စီးသွားလိမ့်မယ်။

ရှင်းရှင်းပြောရရင် သူ့အစ်ကို အိမ်ထောင်ကျသွားပြီဆိုတာကို ရှဲ့ရွှမ်းကျီ မေ့နေတာဖြစ်တယ်။ မဟုတ်ရင် အခုလို အကြောင်းမကြားဘဲ သူလည်း ဝင်လာခဲ့မှာ မဟုတ်ဘူး။

ရှဲ့ရွှမ်းကျီ အခန်းထဲက ထွက်သွားတော့မှပဲ မုမင်ထန် လိုက်ကာကနေ ခေါင်းပြူထွက်လာတယ်။ သူ မရှိတော့တာ သေချာမှပဲ သူမ သက်ပြင်းချနိုင်တော့တယ်။ လိုက်ကာပန်းချီကားချပ်က အဟန့်သာသာပဲ ရှိတာပါ၊ တကယ် အနားတိုးကြည့်ရင် အခန်းထဲ ဘာလုပ်နေလဲ ဝိုးတိုးဝါးတားတော့ မြင်ရတယ်။ တကယ်လို့ သူသာ အနီးကပ်ဝင်ကြည့်ခဲ့ရင် လိုက်ကာနောက် လူရိပ်နှစ်ခုရှိနေတာကို တွေ့ရလိမ့်မယ်။

ဒါပေမဲ့ ရှဲ့ရွှမ်းကျီရဲ့စရိုက်နဲ့ဆို အထဲက ဝင်ကြည့်မှာမဟုတ်မှန်း သူမ သိတယ်။ မုမင်ထန် သက်ပြင်းချရင်း နောက်က ရှဲ့ရွှမ်းချန်ကို လက်ဝှေ့ယမ်းပြလိုက်တယ်။

"အားလုံး ရှင်းတယ်၊ သူ အထဲက မဝင်လာရဲဘူး။ အရှင့်သား ထွက်လာလို့ရပြီ"

နောက်မှ ဒီစကားမျိုးက ဖောက်ပြန်နေတဲ့သူတွေ မိမှာစိုးလို့ ပုန်းနေကြရတဲ့အခါ ပြောတတ်တဲ့စကားမှန်း သူမ သတိရသွားတယ်။ ရှဲ့ရွှမ်းချန်ရဲ့အမူအရာက အတော်လေး ထူးဆန်းနေပြီး သူမကို အကြည့်လွှဲထားတယ်။ မုမင်ထန်လည်း ခဏလောက်တော့ ရှက်မိပေမဲ့ အရေးကြီးတဲ့ကိစ္စကို အရင်ဖြေရှင်းဖို့က အဓိကကျတယ်။

သူမ ရှဲ့ရွှမ်းချန်ကို အိပ်ရာပေါ် လှဲဖို့ ကူညီပေးပြီးနောက် သံလက်ထိတ်တွေကို လက်ညှိုးထိုးပြကာ

"ကျွန်မတို့ ဒါကို ဘယ်လိုလုပ်ကြမလဲ"

"ကိုယ့်ကို လက်ထိတ်ပြန်ခတ်ထားပြီး စောင်နဲ့အုပ်ထားလိုက်။ သူ ကိုယ့်အနား မလာရဲပါဘူး"

"ကောင်းပြီလေ"

မုမင်ထန် အားကုန်ထုတ်ပြီး မ ရပေမဲ့ ရှဲ့ရွှမ်းချန်ကတော့ အလွယ်ကလေးပဲ မ ယူလိုက်တယ်။ နှစ်ယောက်သား အရင်ပုံစံအတိုင်း ပြန်လုပ်ပြီးတဲ့နောက် သူ့ကို စောင်ခြုံပေးလိုက်တယ်။ အခန်းထဲက ခြေရာလက်ရာတွေ အားလုံးကို ဖျောက်ပြီးတဲ့နောက် မုမင်ထန် အမြန်ပဲ ပြေးထွက်သွားတယ်။ ထို့နောက် တစ်ခုခုကို တွေးမိပြီး အခန်းထဲ ပြန်ဝင်လာကာ သေတ္တာထဲ တွေ့ကရာ အပေါ်ဝတ်အင်္ကျီတစ်ထည်ကို ကောက်လဲလိုက်တယ်။

ရှဲ့ရွှမ်းကျီ တံခါးအပြင်ဘက်မှာ အကြာကြီး စောင့်နေရတယ်။ သူပဲ စိတ်ထဲထင်နေတာလား မသိပေမဲ့ မုမင်ထန်အဝတ်အစားလဲတာက ပုံမှန်ထက် ပိုကြာနေသလိုပဲ။ ဒါပေမဲ့ တံခါးခေါက်ပြီး အထဲလည်း ဝင်မလာရဲတာကြောင့် အပြင်မှာဘဲ စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။

ခဏကြာတဲ့နောက် တံခါးပွင့်လာပြီး မုမင်ထန်ရဲ့ မျက်နှာက ပေါ်လာတယ်။ သူမရဲ့အမူအရာက အေးစက်စက်နိုင်လှတယ်။

"ကျင်းဝမ် အရှေ့ရက်ကပဲ ကျွန်မကို ဆူပူပြစ်တင်ခဲ့ပြီးသွားပြီမလား၊ အခု ထပ်ရောက်လာပြန်ပြီ။ ဝမ်ရယ်ရဲ့ ကျင့်ဝတ်သိက္ခာတွေက ဘယ်ရောက်သွားတာလဲ"

ရှဲ့ရွှမ်းကျီ ရှက်သွားတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်လာတဲ့အခါ ယောက်ျားလေးတွေကသာ အမြဲ အပြစ်ရှိသူ ဖြစ်တယ်။ ရှဲ့ရွှမ်းကျီက တောင်းပန်လာပြီး

"ကျွန်တော် အပြစ်ပြုခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ဒုတိယမရီးတော်က ခွင့်လွှတ်ပေးစေချင်ပါတယ်"

"ဒီနေ့ကိစ္စကို လျှော်ပေးလိုက်ရင် နောင်လည်း အိမ်တော်ထဲ တံခါးမရှိဓားမရှိ ဝင်ထွက်နေလိမ့်မယ်။ ဒီလိုသာဆို ဘယ်လိုဖြစ်သွားမလဲ"

"ကျွန်‌တော် မလုပ်ဝံ့ပါဘူး"

ရှဲ့ရွှမ်းချန် အတော်လေး အရှက်ရနေမိပြီ။ ဒီတစ်ခေါက်ပြီးကတည်းက သူ့အစ်ကိုတော် အိမ်‌ထောင်မကျခင်ကနဲ့ အိမ်ထောင်ကျသွားပြီးနောက် ဘာကွာခြားသွားလဲဆိုတာ သူ ကောင်းကောင်း သဘောပေါက်သွားရတယ်။ ဟိုးအရင် ရှဲ့ရွှမ်းချန် မေ့မြောမနေခင် အကောင်းအတိုင်း ရှိတုန်းက၊ သူတို့လည်း လူပျိုလူလွတ်တွေပဲ ရှိတုန်းက ချီယန်အိမ်တော်ကို သူ စိတ်တိုင်းရှိ ဝင်ထွက်သွားလာလို့ ရခဲ့တာလေ။
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now