စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 114
Translated by Utopiaသူမပြောတာ တစ်ဝက်လောက် နားထောင်ရုံနဲ့တင် ဘာတွေဖြစ်ခဲ့တာလဲ ရှဲ့ရွှမ်းချန် သိလိုက်ပြီ။ မုမင်ထန်က သူ့အတွက် ဒေါသထွက်နေတာကို မြင်တော့ နည်းနည်း စိတ်လှုပ်ရှားသွားတယ်။
ရှဲ့ရွေ့က သူ့ကို ဆေးကုပေးချင်စိတ်မရှိမှန်း ရှဲ့ရွှမ်းချန် ဟိုးအရင်ကတည်းက သိထားပြီးသား။ သူပေးတဲ့ ဆေးတွေဆိုတာကလည်း အားလုံး ဘာမှအသုံးမဝင်ဘူး။ ရှဲ့ရွေ့ကိုတောင် ဂရုမစိုက်တာ သူ ပို့လိုက်တဲ့ သမားတော်တွေ အပျင်းထူနေတာကိုလည်း ခေါင်းထဲတောင် ထည့်မစဉ်းစားတော့ဘူး။ ဒါပေမဲ့ မုမင်ထန်ကတော့ သူ မတရားခံရတာအတွက် တကယ်ကြီး ဒေါသထွက်နေတာပဲ။
ရှဲ့ရွှမ်းချန် သူမရဲ့ဘေးတိုက်မျက်နှာလေးကိုပဲ စိုက်ကြည့်ရင်း အချိန်အတော်ကြာ ဘာမှပြန်မပြောလာဘူး။ မုမင်ထန်လည်း ပြောပြီးတော့မှ သူမ နေမကောင်းတဲ့သူရှေ့ ညည်းညူနေမိမှန်း သတိရတော့တယ်။ သူ့နေရာမှာ သူမသာဆို နေမကောင်းရတဲ့အထဲ ဒါတွေ နားထောင်ရရင် စိတ်ရှုပ်လာမှာပဲ၊ ဘယ်လိုလုပ်ပြီး နေမကောင်းတဲ့သူကို သွားနှောင့်ယှက်မိတာပါလိမ့်။
ရှဲ့ရွှမ်းချန် နှုတ်ဆိတ်နေတာ တွေ့တော့ သူမကြောင့်ပဲ ဖြစ်ရမယ်လို့ တွေးမိပြီး အမြန်ပဲ ပြောလာတယ်။
“ကျွန်မ ဒီအတိုင်း အာပေါင်အာရင်းနဲ့ ပြောနေတာပါ၊ ဘာမှ ထွေထွေထူးထူး မဟုတ်ဘူးရယ်။ သမားတော်တွေထဲ အရင်က ကျွန်မတို့ကို ကူညီပေးဖူးတဲ့ တစ်ယောက်ကို တွေ့လိုက်တယ်။ တစ်ရက်လောက် သူ့ဆီ တိတ်တိတ်လေးသွားပြီး ကျွန်မ သေချာပေါက် ကုသနည်း ရှာလာခဲ့မယ်”
ရှဲ့ရွှမ်းချန် အိပ်ရာပေါ်ကနေ လက်နဲ့ထောက်ပြီး ကုန်းထလာတယ်။ မုမင်ထန် အမြန်ပဲ သူ့ကို ကူထူပေးလိုက်တယ်။
ရှဲ့ရွှမ်းချန်က မတ်တတ်ရပ်လိုက်ပြီး ဖြေးဖြေးချင်း ပြောလာတယ်။
“ကိုယ်က သေတော့မယ့်သူပဲ၊ သူတို့ ဆေးကုကု မကုကု အရေးမကြီးဘူး”
“အရေးကြီးတာပေါ့” မုမင်ထန် သူ့ကို ကူပေးပြီး ညင်ညင်သာသာ ပြောလာတယ်။ “ဒါက ကုမရတဲ့ ရောဂါမှ မဟုတ်တာ၊ အဆုတ်နာရောဂါကိုတောင် ဖြေဆေးရှာတွေ့သေးတဲ့ဟာ အရှင့်သားရဲ့ ရောဂါက ဘာလို့ ကုမရ ရမှာလဲ။ အရှင့်သား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကျန်းမာအောင်နေမယ်ဆို ပြန်ကောင်းလာမှာရယ်။ ဒါပေမဲ့ ဒီသမားတော်တွေ ဆေးကုချင်စိတ် မရှိကြတာ တကယ် စိတ်တိုဖို့ ကောင်းတယ်။ ကျွန်မ တခြားသမားတော်တစ်ယောက်ယောက်ကို ရှာကြည့်ရင်ကော?”
ရှဲ့ရွှမ်းချန်က ခေါင်းယမ်းလိုက်ပြီး