Chapter 126

534 68 1
                                    

မုမင်ထန်က ဘေးက အစေခံမလေးကို တစ်ခုခု ကပ်ပြောလိုက်ပြီးနောက် အစေခံမလေးက အမြန်ပဲ သားမွေးဝတ်ရုံကို ယူလာပေးတယ်။ မုမင်ထန် ခြေဖျားထောက်ပြီး ရှဲ့ရွှမ်းချန်ကိုယ်ပေါ် သားမွေးဝတ်ရုံ ခြုံပေးလိုက်တယ်။ သူမ လုပ်ရလွယ်ကူအောင်လို့ ရှဲ့ရွှမ်းချန်ကလည်း အလိုက်သင့်လေး ခန္ဓာကိုယ်ကို အရှေ့ အနည်းငယ် ကိုင်းပေးလာတယ်။

ဒီနေ့ နက်ပြာရောင် ဗြောင်ပိုးထည်ဝတ်စုံကို ရှဲ့ရွှမ်းချန် ဝတ်ထားတာ ဖြစ်တယ်။ ဘာအဆင်အကွက်မှ မပါပေမဲ့လည်း အရောင်ချည်းသက်သက်နဲ့တင်ကို ရိုးရှင်းခမ်းနားနေပြီ။ ခန္ဓာကိုယ်ကို ရှေ့ကိုင်းပေးလိုက်တဲ့အခါ သူ့ရဲ့အင်္ကျီလက်စက မုမင်ထန်ရဲ့ အင်္ကျီလက်စနဲ့ သွားထိနေတယ်။ နူးညံ့လှပတဲ့ မိန်းမငယ်လေးရဲ့ အင်္ကျီလက်စက ခမ်းနားကြော့ရှင်းတဲ့ အမျိုးသားလေးရဲ့ အင်္ကျီလက်စနဲ့ ထိနေပုံက ပန်းချီကားတစ်ချပ်အလားပင်။ 

ကျန်းမင်ဝေ့ သူတို့ကို ငေးကြည့်နေမိတယ်။ နှစ်တွေအကြာကြီး ရေခြားမြေခြားမှာ လှည့်လည်ခဲ့ရပြီး နောက်ဆုံးတော့ ဘာကိစ္စမှ မစတင်ရသေးတဲ့ အချိန်တစ်ခုကို သူမ ပြန်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ သူမ နှစ်သက်ခဲ့ရတဲ့ တစ်ချိန်က အမျိုးသားကို လေပြေလေညင်းအောက်မှ တွေ့လိုက်ရတယ်။ အခုအချိန်မှာ ထိုအမျိုးသားက ပိန်ပါးပြီး နေမကောင်းဖြစ်နေတဲ့အပြင် သူ့ဘေး အမျိုးသမီးလေ တစ်ယောက်ကလည်း ရပ်နေတယ်၊ သူမက သူ့ကို ထိမ်းမြားခဲ့ပြီးပြီ။ ဘာတွေဖြစ်ခဲ့တာလဲ ကျန်းမင်ဝေ့ ပြန်တွေးကြည့်တော့ စိတ်ထဲ ရှုပ်ထွေးလာသလိုပင်။ 

ကော်ရစ်ဒါမှာ သူမ နှုတ်ဆိတ်စွာနဲ့ သူတို့ကို ငေးကြည့်နေမိတယ်။ ထိုနည်းတူစွာ ရှဲ့ရွှမ်းကျီကလည်း နေရာမှာ ရပ်နေခဲ့တယ်။ ခဏကြာတဲ့နောက် မုမင်ထန်တို့ မြင်ကွင်းထဲက ပျောက်သွားတဲ့ အချိန်ကျမှပဲ ရှဲ့ရွှမ်းကျီလည်း ပြန်လှည့်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ဆက်လျှောက်သွားတော့တယ်။ 

ကျန်းမင်ဝေ့လည်း ဆက်မနေဝံ့တာကြောင့် အမြန်ပဲ သူ့နောက်က မှီအောင် လိုက်သွားတယ်။ 

သူတို့နောက်မှာ မုမင်ထန်ကတော့ ရှဲ့ရွှမ်းချန်ရဲ့ သားမွေးဝတ်ရုံကို ခပ်တင်းတင်း ဝတ်ပေးရင်း အရှေ့ဘက်ကို ဘယ်လိုသွားရမလဲ မေးနေတယ်။ အဲဒီနောက် သူ့ကိုပါ အိမ်တော်ရဲ့ အရှေ့ဘက်ခြမ်းဆီ ခေါ်လာတော့တယ်။ ရှဲ့ရွှမ်းချန် ရှိနေတာကြောင့် ဘယ်အစေခံ ဘယ်ရံရွှေတော်မှ သူတို့နောက် ကပ်မလိုက်ရဲကြဘူး။ ဒီလိုနဲ့ သိပ်မကြာခင် နောက်မှာ ဘယ်သူမှ မရှိကြတော့ဘူး။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now