စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 115
Translated by Utopia
“အရှင့်သားရဲ့ဝတ်စုံကို ချွတ်ပေးလို့ရမလား”အခုကျ အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတယ်၊ ဘယ်ဧည့်သည်မှလည်း မရှိတော့ဘူး။ မုမင်ထန်နဲ့ ရှဲ့ရွှမ်းချန်တို့ ညစာ စားပြီးတဲ့နောက် အစေခံတွေက စားပွဲကို ရှင်းပေးသွားတယ်။ ဘာမှလည်း လုပ်စရာ မရှိတော့ဘူးဆိုတော့ သူတို့ အိပ်ရာဝင်ဖို့ပဲ ကျန်တော့တယ်။
အစေခံမလေးတွေက ကျွမ်းကျွမ်းကျင်ကျင်ပဲ အိပ်ရာပစ္စည်းတွေကို အခန်းထဲ ပြင်ဆင်ပေးပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့တယ်။ တံခါးတွေ ပိတ်လိုက်ပြီးနောက် မုမင်ထန်က မှန်ရှေ့ ရှဲ့ရွှမ်းချန်ရဲ့ ဆံပင်ထုံးထားတာတွေကို ဖြုတ်ပေးနေတယ်။“ကျွန်မ ရှန့်နန်ချွမ်ကို မေးကြည့်လိုက်တော့ တော်ဝင်သမားတော်တွေက စာကြည့်ဆောင်မှာ တာဝန်ကျတယ်လို့ ပြောတယ်။ စာကြည့်ဆောင်က ဘယ်နားမှာလဲ”
“ယွင်ရွေ့ခန်းမဆောင်အတိုင်း ဘုရားကျောင်းနား ရောက်တဲ့အထိ အရှေ့ဘက်ကို သွား၊ ဘုရားကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ စာကြည့်ဆောင်ရှိတယ်၊ ကြားမှာ ရေအိုင်လေးတစ်ခုပဲ ခြားတာ”
အိမ်တော်ထဲက လမ်းတွေကို ပြန်စဉ်းစားကြည့်လိုက်တော့ သူမ ဘယ်သွားရမလဲ သိသွားတယ်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး“မနက်ဖြန်ကျ အခွင့်အရေးရှာပြီး အရှေ့ဘက်ကို သွားကြည့်မယ်။ အဲ့တာနဲ့ အိမ်တော်ထဲ ရေကန်တစ်ခုရှိတယ်ကြားတယ်၊ အဲ့တာ အရှင့်သား ပြောတဲ့ဟာလား”
“မဟုတ်ဘူး၊ အဲ့ကိုရောက်ဖို့ဆို အရှေ့ဘက်ကို ဆက်လျှောက်ရဦးမှာ။ ရေကန်ကို ဆောက်တုန်းက အပြင်က စမ်းချောင်းကနေ ရေသွယ်ထားတာ။ ရေရှင်ဆိုတော့ ကန်ရေထက် ပိုပြီး သန့်တယ်”
မုမင်ထန်က သူ့ ခေါင်းက အဆင်တန်ဆာတွေ ဖြုတ်ပေးပြီးတဲ့နောက် ရှဲ့ရွှမ်းချန်ကို ခေါင်းဖြီး ပေးနေတယ်။ သူပြောတာ ကြားတဲ့အခါ သူမ စုတ်သပ်မိတော့တယ်။
“ဘုရားကျောင်းမှာ နေတုန်းက ပြတင်းပေါက်က လှမ်းကြည့်လိုက်ရင် အကြီးကြီးပဲ မြင်ရတယ်။ ဥယျာဉ်ထဲက ရေကန်လို့ ထင်နေတာ၊ အဲ့တာ မဟုတ်ဘူးလား”