စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 120
Translated by Utopiaမုမင်ထန်က ရယ်လိုက်ရင်း
“တကယ်တော့ ဒီအခွင့်အရေးကို သုံးပြီး အရှင့်သားရဲ့ မိတ်ဟောင်းဆွေဖော်ကြီးကို သံယောဇဉ် ရှိနေသေးလား စမ်းကြည့်မလို့။ ပြောကြတာတော့ အဆက်ဟောင်းဆိုတာ မေ့ပစ်ဖို့ ခက်တယ်ဆိုပဲ”“မိတ်ဟောင်းဆွေဖော်? သူမက ကိုယ်နဲ့ ဘာဆိုင်လို့လဲ”
“ဒါဆို သူကလည်း ကျွန်မနဲ့ ဘာမှမဆိုင်ဘူး!” မုမင်ထန်က သူ့ကို ပက်ခနဲ မျက်လုံးလှန်ကြည့်လိုက်ပြီး ခါးပတ်ကို တင်းကျပ်နေအောင် ဆွဲဆောင့်ပစ်လိုက်တယ်။ “နောက်တစ်ခါ ပေါက်ကရတွေ ထပ်ပြောကြည့် အရှင့်သားကို သေအောင် ညှစ်သတ်ပြီး အိမ်တော်ပါ လက်ဖွဲ့တွေနဲ့ နောက်ယောက်ျား ယူပစ်မှာ! မဟုတ်ဘူး ထွက်မသွားခင် ဒီအိမ်တော်မှာ ရှိသမျှ အကုန်လုံးပါ ယူသွားပစ်မှာ”
သူမကို နောက်အိမ်ထောင်ပြုခွင့်ပေးမယ်လို့ ပြောခဲ့တာက သူကိုယ်တိုင်ပဲ ဆိုပေမဲ့ တကယ်တမ်း မုမင်ထန်က အဲ့လိုပြောလာတော့ သူ ဘာပြန်ပြောရမလဲ မသိတော့ဘူး။ ရှဲ့ရွှမ်းချန် ဆွံ့အသွားတာကို မြင်တဲ့အခါ သူမ အောင်ပွဲရသွားသလို ခံစားလိုက်ရတယ်။ မုမင်ထန် ခါးပတ်ကြိုးကို လျှော့ပေးလိုက်ပြီး သေချာ ပြန်ပြင်ဝတ်ပေးကာ
“ကျွန်မက သူ့အတွက် ဖြစ်ခဲ့ဖူးပေမဲ့ အရှင့်သားဆီ တွန်းပို့ခဲ့တာ သူကိုယ်တိုင်ပဲ။ သူနဲ့ ကျွန်မကြား ဆက်ဆံရေးက အဆုံးသတ်သွားပြီ။ ကျွန်မတို့ကြား ပတ်သက်စရာရှိသေးတယ်ဆိုရင်လည်း အဲ့တာက အရှင့်သားကြောင့်ပဲ ဖြစ်လိမ့်မယ်၊ အခု ကျွန်မတို့က ဆွေမျိုးတော်တယ်ဆိုရုံသာသာပဲ ရှိတယ်။ အခု သွားတွေ့မယ်ဆိုတာလည်း သူ့ကြောင့် မဟုတ်ဘူး၊ အရှင့်သားကြောင့်။ အရှင့်သားက အရပ်ရှည်ရှည်နဲ့ ဒီလောက် ခန့်ညားတာ၊ သေချာပေါက် အတူခေါ်သွားရင် ကျွန်မ မျက်နှာပွင့်တာပေါ့”သူမ ပြောပြီးတာနဲ့ ရုတ်ခြည်းဆိုသလို သူ့ခါးကို သိုင်းဖက်လိုက်ပြီး
“တကယ်ပြောတာ အရှင့်သားရဲ့ ခါးက သေးသေးလေး”
မထင်မှတ်ထားတဲ့ သူမရဲ့ ချီးကျူးမှုကြောင့် ရှဲ့ရွှမ်းချန် အံ့အားသင့်သွားရတယ်။ သူ နည်းနည်းလည်း ရှက်သွားတယ်၊ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူမက သူ့ကို ဖက်လာပြန်တယ်။ ရှဲ့ရွှမ်းချန် အံ့လည်း အံ့ဩ ရယ်လည်း ရယ်ချင်သွားတယ်။