Chapter 94

2.2K 201 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 94
Translated by Utopia

ရှဲ့ရွှမ်းချန် မျက်လုံးမှိတ်လိုက်တယ်။ သူ မြင်ရတာဆိုလို့ မျှော်လင့်ချက်မဲ့နေတဲ့ အမှောင်ထုသာ ရှိတယ်။ ဒါပေမဲ့ အမှောင်ထုထဲက အလင်းရောင်လေးတစ်ခုက သူ့လက်နောက်မှာ ရှိနေသလိုမျိုးပဲ။
သူမပဲ စိတ်ထင်တာလား မပြောတတ်ပေမဲ့ ရှဲ့ရွှမ်းချန်ရဲ့ လက်ချောင်းတွေက လှုပ်ရှားသွားသလို ခံစားလိုက်ရတယ်။ ထို့နောက် သူ့လက်တွေက နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားတယ်၊ မသိရင် ဘယ်တုန်းကမှ မလှုပ်သွားသလိုမျိုးပဲ။ မုမင်ထန် လက်ထောက်ထားတာ ကြာပြီမို့ ထုံလာတာနဲ့ အိပ်ရာထဲ ပြန်လှဲလိုက်တယ်။
"အရှင့်သား၊ မယ်တော်ကြီးနဲ့ အရှင့်သား‌တို့ သိပ်မသင့်မြတ်ကြတာ ကျွန်မ သတိထားမိတယ်။ သူမနဲ့ ဘယ်လိုဆက်ဆံရေး ရှိတာလဲ"
"သူမလား?" ရှဲ့ရွှမ်းချန်က နှာခေါင်းရှုံ့လိုက်တယ်။ "သူက ကိုယ့်အဖေရဲ့ ကိုယ်လုပ်တော်ပဲ။ ကိုယ့်အမေ အသက်ရှင်နေတုန်းကဆို သူမက အမေ့ကို နှုတ်ဆက်ဖို့တောင် မထိုက်တန်ဘူး"
မုမင်ထန် သဘောပေါက်သွားတယ်။ နတ်ရွာစံဧကရာဇ်နဲ့ အနောက်ကျိုးပြည်ထောင်က ဝူဧကရာဇ်တို့ ထီးနန်းကျတဲ့အထိ တိုက်ခိုက်ခဲ့ကြတယ်ဆိုတာ သူမ ကြားခဲ့ရဖူးတယ်။ အခု ရှဲ့ရွှမ်းချန်ရဲ့စကားနဲ့ ပေါင်းလိုက်တော့ အဲ့တုန်းက ဘာတွေဖြစ်ခဲ့တာလဲ အကြမ်းဖျင်း ခန့်မှန်းကြည့်လို့ရတယ်။
နတ်ရွာစံဧကရာဇ်က ထီးနန်းကို ညီဖြစ်သူကို လွှဲခဲ့တာမို့ အခု မယ်တော်ကြီးဆိုတာက ဧကရာဇ်ရဲ့ မရီးတော်ပဲ။ မယ်တော်ကြီးက ဧကရာဇ်ရဲ့ ပထမဇနီးမဟုတ်သလို တရားဝင်ဇနီးလည်း မဟုတ်ချေ။ ရှဲ့ရွှမ်းချန်က အိမ်တော်ရဲ့ တရားဝင် သားအကြီးဆုံးဆိုတော့ သေချာပေါက် ကိုယ်လုပ်တော်တစ်ယောက်လောက်ကို ရိုရိုကျိုးကျိုး ဆက်ဆံနေမှာ မဟုတ်ဘူး။
အဲ့တုန်းက ရှဲ့ရွှမ်းချန်က ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာတောင်မှ သူမဘေးကလူတွေ စောဒက မတက်ရဲတာကို အံ့ဩစရာတော့ မရှိပါဘူး။
ဒီအကြောင်းအရာတွေက သိပ်ကို ကြီးမားလွန်းတယ်။ သူ့အတွက် နာကြည်းရတဲ့အရာတွေကို သူမ သွားမဆွချင်ဘူး။ အဲ့အစား စကားလမ်းကြောင်းလွှဲလိုက်ပြီး
"အရှင့်သား၊ နောက်တစ်ခါ ကျွန်မ သော့ပိတ်ခံရရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံပြီး မကယ်နဲ့ရယ်။ နှစ်ညလောက် သော့ပိတ်ခံရပြီး အငတ်နေရတာက ကျွန်မအတွက် ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီနေ့ အရှင့်သား ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး ကျွန်မ ရှိတဲ့နေရာအထိ လမ်းလျှောက်လာတာက ကျွန်မထက် ပိုဆိုးတယ်"
"မဟုတ်ဘူး"
"ဘာကို မဟုတ်ရမှာလဲ။ ကျွန်မက ခုန်ပေါက်ပြေးလွှားနေနိုင်တုန်းပဲ၊ အရှင့်သားကတော့ ပြန်ရောက်လာကတည်းက ဘယ်လောက် အားနည်းသွားလဲ ကြည့်လေ။ စီးပွားရေးဆန်ဆန်ပြောရရင် အရှင့်သားက အရှုံးပေါ်နေပြီ"
"နောက်တစ်ကြိမ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး"
အမှောင်ထဲ သူ့အသံက မသဲမကွဲ ဖြစ်နေတယ်။ ရုတ်တရက် မုမင်ထန် ပြောစရာစကား ပျောက်ရှသွားတယ်။ အစက ရှဲ့ရွှမ်းချန်က သူ့ကိုယ်သူ ပြောနေတာလို့  သူမ ထင်လိုက်တာ၊ ဒါပေမဲ့ တကယ်က သူမ နောက်တစ်ခါ သော့ပိတ်ထားခံရမှာ မဟုတ်ဘူးလို့ ပြောတာပဲ။
မုမင်ထန် သူ့ကို ဖျောင်းဖျဖို့ နည်းလမ်းပေါင်းစုံ အသင့်ပြင်ထားပေမဲ့ အခုတော့ သူမ ပြောစရာတောင် မလိုတော့ဘူးလို့ ခံစားရတယ်။ ရှဲ့ရွှမ်းချန်က တစ်ခါတလေ စိတ်ရှုပ်စရာကောင်းလွန်းလို့ ထုသတ်ပစ်ချင်စိတ်တောင် ပေါက်ရပေမဲ့ တစ်ခါတလေကျတော့လည်း သူက သိပ်ကို နူးညံ့ညင်သာတယ်။
"ကျေးဇူးတင်ပါတယ်" စောင်အောက်ကနေ မုမင်ထန်က ပြောလာတယ်။ ခဏကြာတဲ့နောက် အသံတိုးတိုးလေးနဲ့ "ကောင်းသောညပါ"
ရှဲ့ရွှမ်းချန်ကတော့ ဒီချွဲချွဲပျစ်ပျစ်စကားတွေကို ပြောမနေတော့ဘူး။ သူ မျက်စိမှိတ်ပြီး အိပ်ရာထဲ လှဲနေပေမဲ့ အိပ်မပျော်နိုင်ဘူး ဖြစ်နေတယ်။ ရှဲ့ရွှမ်းချန် လေသံမာမာနဲ့ လှမ်းခေါ်လိုက်တယ်။
"ဟေး"
ဒါပေမဲ့ အိပ်ရာတစ်ဖက်ခြမ်းကနေ ဘာအသံမှ ပြန်မကြားရချေ။ ရှဲ့ရွှမ်းချန် အချိန်အတော်ကြာ စောင့်နေရင်း နောက်ဆုံးကျ မျက်လုံးဖွင့်လိုက်ပြီး မုမင်ထန်ကို ကြည့်လာတယ်။ မုမင်ထန်က သူ့ဘက်ကို မျက်နှာမူကာ ဘေးတစောင်း လှဲအိပ်နေတယ်။ သူမမျက်လုံးတွေက မှိတ်ထားဆဲဖြစ်တယ်။ သူမကို ရှဲ့ရွှမ်းချန် တော်တော်ကြာအောင် စိုက်ကြည့်ရင်း သူမနဖူးကို လက်ညှိုးနဲ့ သာသာလေး ပုတ်လိုက်တယ်။
"မင်း တကယ် အိပ်သွားပြီလား"
မုမင်ထန်က ဘာမှပြန်မတုံ့ပြန်လာချေ။ ဒါကိုတွေ့တော့ သူ့စိတ်ထဲ ရှုပ်ထွေးလာပြီး ဘာဆက်ပြောရမလဲတောင် မသိတော့ဘူး။
'သူမ တကယ် အိပ်ပျော်သွားတာလား၊ ဘယ်လောက်တောင် အယုံလွယ်လိုက်လဲ'၊ သူမက သူ့ကို ယုံကြည်လို့ စိတ်လှုပ်ရှားရမှာလား၊ တုံးတုံးအအ သူမလေးက သူ့ကို ထောင်ချောက်ဆင်နေမှာကို စိတ်ပူရမှာလားတောင် မသိတော့ဘူး။ ရှဲ့ရွှမ်းချန် သူ့နေရာမှာသူ ပြန်လှဲလိုက်ပြီး အိပ်ရာခန်းလိုက်ကာကိုသာ ငေးကြည့်နေမိတယ်။ သူ နည်းနည်းလေးမှ မအိပ်ချင်‌ချေ။
သူ့မှာ အဲ့ရောဂါရလာကတည်းက မကြာခဏ သတိလစ်မေ့မြောနေတတ်တာ ဖြစ်တယ်။ ခြေနှစ်လှမ်းလောက် လှမ်းလိုက်တာနဲ့ကို မေ့လဲသွားတတ်သလို စကားပြောရင်းလည်း မေ့လဲသွားတတ်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ပထမဆုံးအနေနဲ့ သူ အိပ်ချင်တာတောင် အိပ်မပျော်ဘူး ဖြစ်နေတယ်။
ဘာတွေဖြစ်နေတာလဲ သူလည်း မသိတော့ဘူး။ အဲ့အချိန်မှာပဲ ခေါင်းအုံးမှာ ချည်ထိုးထားတဲ့ ရေထဲဆော့ကစားနေတဲ့ မန်ဒရင်းဘဲနှစ်ကောင်ပုံက ရုတ်တရက် သူ့စိတ်ထဲ ပေါ်လာတယ်။ နောက်ပြီး စစ်တပ်ထဲမှာ ကြားခဲ့ရတဲ့ ပြက်လုံးတွေကောပဲ။
ကြောက်စရာကောင်းလိုက်တာ .... ဘယ်မျိုးမစစ်‌ကောင်ကများ နေမကောင်းနေတဲ့သူကို မိန်းမပေးစားဖို့ အကြံရသွားတာလဲ!
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now