Chapter 107

1.1K 114 1
                                    

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 107
Translated by Utopia 

ကျန်းမင်ဝေ့ အတွေးထဲ နစ်မျောနေတာ ဖြစ်တယ်။ သူမနာမည် ခေါ်တာကြားမှ အသိစိတ်ပြန်ဝင်လာတယ်။ မုမင်ထန်က သူမနဲ့ တူတယ်လို့ လူတိုင်းက ပြောကြတယ်။ ကိုယ့်လို လိုက်တုပနေတဲ့ အတုအယောင်ရှိတာကို ဘယ်သူမှ မကြိုက်ကြပေမဲ့ ပြောရရင် နည်းနည်းတော့ ဂုဏ်ယူမိတာပေါ့။ အခု ရှဲ့ရွှမ်းချန်ကပါ သူမအကြောင်းကို ပြောလာတဲ့ ကျန်းမင်ဝေ့ ရင်တွေခုန်ပြီး မတ်မတ်ထိုင်မိလျက်သား ဖြစ်သွားတယ်။ 

ရှဲ့ရွှမ်းချန်က ဘာများဆက်ပြောမလဲ သူမ စောင့်နေတယ်။

ရှဲ့ရွှမ်းချန်က သူမကို ထပ်ကြည့်လာပြန်တယ်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားချိန် ကျန်းမင်ဝေ့ ရင်တွေ တဒိန်းဒိန်း ခုန်လာတယ်။ ဒါပေမဲ့ ရှဲ့ရွှမ်းချန်က ခပ်မြန်မြန်ပဲ အကြည့်လွှဲပစ်လိုက်ပြီး

“မင်းတို့ကို ရုပ်ဆင်တယ်လို့ ပြောတဲ့သူတွေ ... သူတို့ ကန်းနေကြတာလား? ဘယ်မှာတူလို့လဲ မင်းတို့က”

ကျန်းမင်ဝေ့ ကြောင်အမ်းအမ်းဖြစ်သွားတယ်။ အခန်းထဲ ရောက်တာ သိပ်မကြာသေးတာတောင် သူ ဒီအချက်ကို ရှာတွေ့တယ်ဆိုတော့ ကျန်းသခင်မတောင်မှ အံ့အားသင့်သွားတယ်။ ကျန်းသခင်မက ညင်ညင်သာသာ ပြုံးလိုက်ပြီး

“အရွယ်‌ရောက်လာတာနဲ့အမျှ မျက်နှာသွင်ပြင်ကလည်း ပြောင်းလာတတ်တာပါပဲ။ သူတို့ညီအစ်မနှစ်ယောက်က စိတ်နေသဘောထားချင်း ပိုဆင်တူကြပါတယ်။ ရုပ်ရည်ဆိုတာ ဒုတိယလောက်ပါပဲ”

“စိတ်နေသဘောထားချင်းလည်း အဲ့လောက် မတူပါဘူး” ရှဲ့ရွှမ်းချန် ကျန်းမင်ဝေ့ကို တော်တော်ကြာအောင် ကြည့်နေတယ်၊ အဲ့ဒီနောက် မုမင်ထန်ကို ပြန်ကြည့်ကာ အတည်ကြီး ပြောလာတယ်။

“မင်းက သူမထက် ပိုလှတာ အသိသာကြီးကို။ မင်းတို့နှစ်ယောက်ကို တူတယ်လို့ ဘယ်သူပြောတာလဲ”

မုမင်ထန် ချောင်းတောင်ဆိုးသွားတယ်။ အစက ခပ်တည်တည်ပုံပေါက်အောင် နေ,နေပေမဲ့ သူ့စကားကြောင့် မပြုံးဘဲ မနေနိုင်တော့ချေ။ 

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now