Chapter 102

1.3K 106 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law 
Chapter 102
Translated by Utopia 

အဲ့တာက ဘယ်နှနှစ်မှတောင် မကြာလိုက်ဘူး။ ယဲ့လုမိသားစုက ကတိကဝတ်စာချုပ်ကို ဖောက်ဖျက်ပြီး ယဲ့အင်ပါယာကို မတိုက်ခိုက်လာခင်မှာ သတင်းတစ်ခုခုကို သေချာအောင် အတည်ပြုခဲ့တယ်။ အခုပြန်တွေးကြည့်တော့မှ အဲ့တာက ရှဲ့ရွှမ်းချန် သေသွားတဲ့သတင်းကြောင့် ယဲ့အင်ပါယာကို တိုက်ခိုက်ဖို့ ယဲ့လုတော်ဝင်မိသားစုက အဲ့လောက်ယုံကြည်ချက် ရှိနေခဲ့တာပဲ။

စစချင်းတုန်းက ယဲ့လုမိသားစုလည်း ဒီသတင်းကို မယုံခဲ့ဘူး။ သူတို့ သေချာအောင်လို့ အရင်ဆုံး သတင်းစုံစမ်းခဲ့ကြတယ်။ မြို့တော်ထဲကိုတောင် အကြိမ်ကြိမ် ဖောက်ဝင်ပြီး ရှဲ့ရွှမ်းချန် သေတဲ့သတင်းကို စုံစမ်းခဲ့တာ။ နောက်ဆုံး ‌ရှဲ့ရွှမ်းချန် သေပြီဆိုတာ သေချာတော့မှ ယဲ့အင်ပါယာနဲ့ ချုပ်ဆိုထားတဲ့ ကတိကဝတ်ကို ဖောက်ဖျက်ပြီး သူတို့ရဲ့ ဇာတိအမှန်ကို ပြလာကြတယ်။

ဆွေ့ဟယ်သက္ကရာဇ်ရဲ့ ၅ နှစ်မြောက် တစ်ဖြစ်လည်း ထျန်းရှန်သက္ကရာဇ်ရဲ့ ၁၈ နှစ်မြောက်မှာ ယဲ့လုယန်က စစ်တပ်ကို ဦးဆောင်ပြီး ယဲ့အင်ပါယာကို စတင် တိုက်ခိုက်ခဲ့တာကို ကျန်းမင်ဝေ့ မှတ်မိနေသေးတယ်။ ဒီတိုက်ပွဲကြောင့်ပဲ ယဲ့လုယန်က သူ့ညီအစ်ကိုတွေထက် အောင်မြင်မှုပိုရပြီး ထီးနန်းဆက်ခံခွင့်ရဖို့ ပိုသေချာသွားခဲ့တာ။
သူမ ကောင်းကောင်းကြီး မှတ်မိတာပေါ့၊ ဒါက ယဲ့လုယန်တို့မိသားစုရဲ့ အာဏာကြီးထွားလာချိန်တင် မကဘူး သူမအတွက်လည်း ငရဲခန်းရဲ့ အစပဲ ။

ဒီစစ်ပွဲကြောင့်ပဲ ယဲ့လုယန်က စစ်အင်အားအထောက်အပံ့တွေ ပိုလိုအပ်လာပြီး ပေရုံရဲ့ မျိုးရိုးမြင့်မိသားစုတစ်ခုက မိန်းကလေးနဲ့ ထိမ်းမြားခဲ့တယ်။ ဝမ်ဖေးက မနာလိုစိတ်ကြီးမားပြီး ကျန်းမင်ဝေ့ကို ဒုက္ခတွေ မျိုးစုံပေးခဲ့တယ်။ သူမ ကျန်တာတွေသာ မေ့ချင်မေ့သွားမယ်၊ အဲ့ဝမ်ဖေးနဲ့ ယဲ့လုယန်တို့ ထိမ်းမြားခဲ့တဲ့နေ့ကို သူမ လုံးဝ မမေ့ဘူး။

ဆွေ့ဟယ်သက္ကရာဇ်ရဲ့ ၅ နှစ်မြောက်မှာ ယဲ့လုမိသားစုက စစ်ပွဲကို စတင်ခဲ့တယ်ဆိုတော့ကာ အဲ့မတိုင်ခင်အချိန်ကတည်းက ယဲ့ရွှမ်းချန်က သေသွားပြီဆိုတဲ့ သဘောပဲ။ အခုက ဆွေ့ဟယ်သက္ကရာဇ်ရဲ့ ၃ နှစ်မြောက်ဆိုတော့ ဒီဆောင်းတွင်းမှာ ရှဲ့ရွှမ်းချန် သေသွားခဲ့ရင် ဆွေ့ဟယ်သက္ကရာဇ်ရဲ့ ၄ နှစ်မြောက်မှာ ယဲ့လုမိသားစုက မြို့တော်ကို လူလွှတ်ပြီး စုံစမ်းလိမ့်မယ်။ ဆွေ့ဟယ်သက္ကရာဇ်ရဲ့ ၅ နှစ်မြောက်မှာ ပေရုံက ရှဲ့ရွှမ်းချန် သေသွားတဲ့သတင်းကို အတည်ပြုလိုက်နိုင်ပြီး အဲ့နှစ်မှာပဲ စစ်ကြေညာခဲ့တယ်။ ဒီလိုဆိုတော့ အချိန်က ကွက်တိကျနေတာပဲ။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now