စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 110
Translated by Utopia
“တစ်ခန်းထဲ အတူအိပ်မှာလား၊ ခွဲအိပ်မှာလား”ဒီလိုဖြစ်မယ်လို့ ရှဲ့ရွှမ်းချန် မထင်ထားဘူး။ သူမ ဖောက်ပြန်နေတာကို မိတာက သူပါနော်၊ ဒါပေမဲ့ နောက်ဆုံးကျ သူပဲ မေးခွန်းပြန်အထုတ်ခံလိုက်ရတယ်။
“မိတ်ဟောင်းဆွေဖော်?” ရှဲ့ရွှမ်းချန် နားထောင်လေ ထူးဆန်းသလို ခံစားရလေပဲ။ “ကိုယ် သူမကို သိတောင် မသိတာကို ဘယ်လိုလုပ် မိတ်ဟောင်းဆွေဖော် ဖြစ်ရမှာလဲ”
“အဲ့တာဆို သူမ အရှင့်သားကို စိုက်ကြည့်နေတုန်း ဘာလို့ငိုချတော့မတတ် ဖြစ်နေတာလဲ”
“ကိုယ် ဘယ်လိုလုပ် သိမှာလဲ” ရှဲ့ရွှမ်းချန်က ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလာတယ်။ “သူမအဖေကိုတောင် ကိုယ် မသိတာ သူမကိုဆို ပိုဆိုး။ မင်းကို သူမရဲ့အစားထိုးခံအနေနဲ့ သုံးခဲ့တယ်လို့သာ မပြောခဲ့ရင် အချိန်ကုန်ခံပြီး ကိုယ် သူတို့ကိုတောင် ထွက်တွေ့နေမှာ မဟုတ်ဘူး”
မုမင်ထန်က သူ့မျက်နှာပေါ်က အမူအရာကို သေချာကြည့်ပြီး မယုံသင်္ကာနဲ့ မေးလာတယ်။
“တကယ်လား”
“ဒါပေါ့၊ ကိုယ့်ကို ငေးကြည့်တဲ့သူတွေက အများကြီးဟာ ဘယ်လိုလုပ် တစ်ယောက်ချင်းစီကို လိုက်မှတ်မိနိုင်မှာလဲ” ရှဲ့ရွှမ်းချန် ပြောရင်း တစ်ခုခု မှားနေတာကို သတိထားမိလိုက်တယ်။ “နေပါဦး ကိုယ် မင်းနဲ့ ရှဲ့ရွှမ်းကျီအကြောင်းကို မေးနေတာပါ၊ ဘယ်လိုလုပ် မင်း ကိုယ့်စကားကို လျစ်လျူရှုပြီး မေးခွန်းပြန်ထုတ်နေတာလဲ”
“ကျွန်မစကားကို လျစ်လျူရှုပြီး မေးခွန်းပြန်ထုတ်နေတာ အရှင့်သားပါနော်” သူမက သူ့ကို တစ်စက်မှ မကြောက်ဘူး။ မျက်လုံးကို ပက်ကနဲ ပြန်ကြည့်လိုက်ပြီး “ကျွန်မမှာ ဘာမှဖုံးကွယ်ထားစရာ မရှိဘူး။ အရှင့်သားကသာ အဆက်ဟောင်းကြီးနဲ့အကြောင်းကို မရှင်းပြနိုင်တာနဲ့ မဟုတ်တာကို လိုက်မေးနေတာ။ အရှင့်သား တမင် စကားလမ်းကြောင်း လွှဲနေတာမလား”
ရှဲ့ရွှမ်းချန် သူမကို ကြည့်ရင်း ပြောစရာစကားတောင် မရှိတော့ဘူး။ ခဏကြာတဲ့နောက် ခေါင်းတညိတ်ညိတ်နဲ့