စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 50
Translator – Utopiaရှဲ့ရွှမ်းချန်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေကလည်း သွေးရောင်တောင်မရှိတော့ဘူး။
"နှစ်လှမ်းလောက်တောင် ငါ မလျှောက်နိုင်တော့ဘူး။ ငါက ဒုက္ခိတနဲ့ ဘာမှမခြားဘူး။ လက်ထိတ်တွေ ရှိတာနဲ့မရှိတာ ဘာများကွာခြားသေးလို့လဲ""ဘာလို့ မကွာရမှာလဲ" မုမင်ထန် အိပ်ရာခြေရင်းမှာ ဖြေးဖြေးချင်းထိုင်လိုက်တယ်။ သူမရဲ့ ဂါဝန်အနားစက ကြွေပန်းလေးသဖွယ် တောက်ပရွှန်းစိုနေတယ်။
"အခုလေးတင် သတိရလာတာမို့ အရှင့်သားက အားနည်းနေတယ်။ တဖြေးဖြေး ပြန်အားရှိလာမှာရယ်" သူမ ဟန်ဆောင်ပြုံးပြလိုက်ရင်း "ကျွန်မအမြင်တော့ အရှင့်သားက အခုလို အားနည်းနေချိန်မှာတောင် သာမန်လူတွေထက် အများကြီး ခွန်အားကြီးသေးတယ်။ ဒီလောက်လေးတဲ့ သံမဏိကြိုးတွေကို ကျွန်မဆို လက်နှစ်ဖက်နဲ့တောင် မ မနိုင်ဘူး။ အရှင့်သားက လက်တစ်ဖက်တည်းနဲ့ မ နိုင်တာလေ"
ဒီလိုနှစ်သိမ့်စကားမျိုးက သိပ်ကို အားနည်းတယ်။
ရှဲ့ရွှမ်းချန် ပြုံးဟန်ပြုလိုက်ပြီး
"မင်းပြောသလိုတော့ ဟုတ်မှာပေါ့၊ သာမန်လူတွေအတွက်တော့ ကိုယ်က ခွန်အားကြီးကောင်း ကြီးလိမ့်မယ်။ ဒါပေမဲ့ အရင်က အနေအထားနဲ့ ယှဥ်လိုက်ရင် ကိုယ့်အခြေအနေက ပိုတောင် ဆိုးနေတယ်"
တကယ်တော့ မုမင်ထန်လည်း နားလည်ပါတယ်။
ခြင်္သေ့နဲ့ ယုန်သူငယ်ဆိုတာ အစကတည်းက နှိုင်းယှဉ်လို့မှ မရဘဲ။ တစ်ချိန်တုန်းက ရှဲ့ရွှမ်းချန်ကို စစ်နတ်ဘုရားလို့တောင် ခေါ်ဆိုခဲ့ကြတာ။ လူတွေက ပါရမီထူးတဲ့သူတွေဆို ပိုကဲလို့ ဝေဖန်ကြလေ့ရှိတယ်ဆိုသလိုပဲ အခု သူ နိမ့်ပါးသွားချိန်မှတော့ လူတွေအားလုံးက သူ့ကို ဝိုင်းပြီး ဝေဖန်ထိုးနှက်ကြတယ်။ သာမန်လူတွေထက်တောင် သူကျော်ဖြတ်ခဲ့ရတာတွေက ခက်ခဲကြမ်းတမ်းလွန်းတယ်။
အထူးသဖြင့် ရှဲ့ရွှမ်းချန် ကိုယ်တိုင်ရောပဲ။ သူ အရင်က ဘယ်လိုမျိုး ရှိခဲ့လဲဆိုတာ ကောင်းကောင်း သိတာမို့ အခု လမ်းလျှောက်ဖို့တောင် လူလိုက်တွဲကူပေးနေရတယ်ဆိုတဲ့အချက်ကို သူ ဘယ်လိုမှ လက်သင့်ခံနိုင်မှာ မဟုတ်ဘူး။ မုမင်ထန် ဘယ်လိုနှစ်သိမ့်ပါစေ အသုံးဝင်မှာ မဟုတ်ချေ။ မုမင်ထန် မတ်တတ်ရပ်လိုက်ပြီး သောက်ရေခွက်ကို ယူလိုက်တယ်။ ထို့နောက် စောင်ပြန်ခြုံပေးရင်း