Chapter 112

1.1K 104 1
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 112
Translated by Utopia 

“မလိုတော့ပါဘူး” တော်ဝင်သမားတော်ဝူက ယုံကြည်ချက်အပြည့်နဲ့ ပြောလာတယ်။ “ဝမ်ရယ်ရဲ့အခြေအနေကို ကျွန်တော်မျိုး ကောင်းကောင်း ရင်းနှီးပါတယ်။ ဝမ်ရယ့်ရဲ့ သွေးကြောတွေ အကုန်လုံး ကျွန်တော်မျိုး အလွတ် တောင်ရနေပြီ။ ဒီတော့ ဝမ်ရယ့်ကို သွေးခုန်နှုန်း ထပ်စစ်စရာ မလိုတော့ပါဘူး”

မုမင်ထန် မျက်မှောင်ကြုတ်သွားတယ်။ ဒါက ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ သမားတော်ဆိုတဲ့သူက ပြောရမယ့်စကားလား။ မုမင်ထန် ဘေးက အစေခံတွေကို တစ်ချက် လှမ်းကြည့်လိုက်ပြီး နောက်ဆုံးကျ ဘာမှမပြောဘဲ သမားတော်ဝူကို အပြင်လိုက်ပို့ပေးလိုက်တယ်။ အဲ့ဒီနောက် သူပြောတဲ့ ဆေးညွှန်းကို နားထောင်နေတယ်။

အိပ်ခန်းတံခါးကို ပိတ်လိုက်ပြီးပြီမို့ သူတို့ အသံနှိမ့်ပြီး ပြောစရာ မလိုတော့ချေ။ 

“သမားတော်ဝူ ဝမ်ရယ့်အခြေအနေ ဘယ်လိုရှိလဲ”

“ဝမ်ရယ်က အ‌ဆင်ပြေပါတယ်” သမားတော်ဝူက သူ့ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ရင်း ပြောလာတယ်။ “အန်းဝမ်ရယ်ရဲ့ ခန္ဓာကိုယ်က ပုံမှန်အတိုင်းပါပဲ။ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ဘဲ များများ အနားယူမယ်၊ သူ့ခွန်အားလည်း သိပ်မသုံးဘူးဆိုရင် ဝမ်ရယ် နေပြန်ကောင်းလာပါလိမ့်မယ်”
အစကတော့ အရှင့်သားကို ဘယ်လိုအစာမျိုး ကျွေးသင့်လဲ သူမ မေးမလို့ လုပ်ထားတာ၊ ဒါပေမဲ့ သူ ပြောတာ နားထောင်ပြီး မုမင်ထန် မေးချင်စိတ်တောင် မရှိတော့ဘူး။ ကျန်တဲ့ သမားတော် လေးယောက်ကို လှမ်းကြည့်လိုက်တော့ အားလုံး ခေါင်းငုံ့ပြီး ကိုယ်နဲ့မဆိုင်သလို လုပ်နေကြတယ်။ ဘယ်သူမှ သမားတော်ဝူပြောတာကို ကန့်ကွက်မယ့်ပုံ မပေါ်ဘူး။ မုမင်ထန် ထသောင်းကျန်းပစ်ချင်စိတ်ကို ထိန်းရင်း ပြုံးကာ
“ဝမ်ရယ့်အတွက် ဆေးတွေကကော”

“ဝမ်ရယ့်အတွက် ဆေးတွေ မလိုအပ်ပါဘူး။ ဒါက စိတ်ကြောင့်ဖြစ်တဲ့ ရောဂါဆိုတော့ ဆေးတွေက အသုံးမဝင်ဘူး။ ဝမ်ရယ် သဘာဝအတိုင်း နေပြန်ကောင်းလာအောင် လုပ်ရမှာပါ။ အန်းဝမ်ရယ်လို လူကောင်းတစ်ယောက်ကို နတ်ဘုရားတွေက စောင်မကြမှာ အမှန်ပါပဲ”

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now