Chapter 63

2K 193 0
                                    

စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 63
Translator – Utopia

"တစ်လောကလုံးက သူ့ကို မြွေတစ်ကောင်လို ကင်းတစ်ကောင်လို ရွံရှာဖယ်ရှောင်သွားကြပေမဲ့ သူမတစ်ယောက်တည်းကသာ သူ့ဆီကို လျှောက်လာခဲ့တယ်"


ချီယန်ဝမ်ဆိုတဲ့နာမည်ကို ကြားလိုက်ကြတာနဲ့ မင်္ဂလာအိမ်တော်တစ်ခုလုံး မီးကို ရေနဲ့ ငြှိမ်းလိုက်သလို ငြိမ်သက်တိတ်ဆိတ်သွားတယ်။ ထို့နောက် တစ်ခဏအတွင်းမှာပဲ အားလုံး ရုတ်ရုတ်သဲသဲနဲ့ ထိတ်လန့်ငိုကြွေးရင်း ဆူညံသံတွေ ထွက်လာတော့တယ်။

"ချီယန်ဝမ်က ထပ်ပြီး စိတ်ဖောက်ပြန်သွားတာလား?"

"မကောင်းတော့ဘူး၊ သူက ကျင်းအိမ်တော်ရဲ့ဘေးမှာတင် ရှိနေတာ!"

ဒီစကားလည်း ကြားကော လူတွေလည်း ထိတ်ထိတ်ပျာပျာနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး အလုအယက် အပြင်ကိုထွက်ဖို့ ကြိုးစားကုန်ကြတယ်။ ရှဲ့ရွှမ်းကျီလည်း တော်တော် လန့်ဖျပ်သွားတယ်။ မင်္ဂလာပဝါလည်း လှန်ဖို့အချိန် မရှိတော့ဘဲ ပေတံကို ကြမ်းပြင်ပေါ် ပစ်ချခဲ့ကာ အမြန်ပဲ အရှေ့ကို ထွက်လာပြီး မေးရတယ်။

"သူ မေ့မြောနေတာ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် နိုးလာတာလဲ"

"ကျွန်တော်မျိုးလည်း မသိဘူး။ ကျွန်တော်မျိုးတို့ သိတဲ့အချိန်မှာ သိပ်ကို နောက်ကျသွားပြီ။ အခု ကျွန်တော်တို့လူအတော်များများ ဒဏ်ရာရထားကြတယ်"

လက်ရှိအခြေအနေကို ထိန်းဖို့ ရှဲ့ရွှမ်းကျီ ကြိုးစားနေရတယ်။


"အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ သူ့ကို သံမဏိနက်နဲ့ လုပ်ထားတဲ့ သံကြိုးတွေနဲ့ လက်ထိတ်ခတ်ထားတာ၊ သူ့ကို လှုပ်ရှားလို့ မရအောင် လုပ်ထားတာမို့ ကျင်းအိမ်တော်အထိ ထိခိုက်အောင် မလုပ်နိုင်ပါဘူး"

"အရှင့်သား ကျွန်တော်မျိုး မပြောခဲ့မိတာပါ၊ ချီယန်ဝမ်ကို ခတ်ထားတဲ့ လက်ထိတ်တွေက ပွင့်သွားပြီ!"

"ဘာပြောတယ်!"  အခု ရှဲ့ရွှမ်းကျီတောင် မျက်နှာအမူအရာပြောင်းသွားတယ်။ "အဲ့သံလက်ထိတ်က ဖျက်ဆီးလို့မှမရတာ သူ ဘယ်လိုလုပ်ပြီး ..... နေဦး သဘောက ... အခု သူ လွတ်လွတ်လပ်လပ် သွားနိုင်ပြီပေါ့?"

ဒီစကားက သေစေနိုင်လောက်တဲ့ ထိုးနှက်ချက်ပဲ။ မင်္ဂလာအိမ်တော်ထဲ ကျန်နေသေးတဲ့ အထက်တန်းလွှာကသူတွေအကုန် ထိတ်လန့်ချောက်ချားကုန်ကြတယ်။ သူတို့အားလုံးက ငွေကြေးပြည့်စုံကြွယ်ဝပြီး အာဏာလည်း ရှိကြတယ်၊ သူတို့အသက်ကိုလည်း တန်ဖိုးအထားဆုံးပဲ။ ချီယန်ဝမ် ဘာလုပ်နိုင်တယ်ဆိုတာ သူတို့အားလုံး သဘောပေါက်ကြတယ်။ သံလက်ထိတ်တွေရှိနေသ၍၊ အစောင့်တွေက နေ့ညမပြတ် စောင့်ကြပ်နေသ၍ ကိစ္စမရှိဘူး။ အခုက သူ့ကို လက်ထိတ်လည်း မခတ်ထားဘူးဆိုတော့ကာ သူ့ စိတ်တိုင်းကျ လူသတ်လို့ရနေပြီဆိုတဲ့သဘောပဲမလား??

လူတွေအားလုံး ရုတ်ရုတ်သဲသဲနဲ့ ဒရောသောပါး ပြေးထွက်ကုန်ကြပြီး သက်ဝင်လှုပ်ရှားခဲ့တဲ့မင်္ဂလာပွဲက အခုတော့ ကပ်ဘေးဆိုးတစ်ခုဝင်သွားသလိုပဲ။ ရုတ်ရုတ်သဲသဲဖြစ်နေချိန် လူတွေက အနီရောင်ခန်းဆီးလိုက်ကာတွေကိုလည်း ဆွဲမိလွဲမိနဲ့ ဘေးနားက အလှဆင်ထားတဲ့ပစ္စည်းတွေ၊ ကြွေပန်းအိုးတွေလည်း ကွဲတာက ကွဲနဲ့ ပျက်စီးနေတော့တယ်။

အဲ့လိုဖြစ်နေတဲ့ကြားကနေပဲ မင်္ဂလာပွဲအခြံအရံတစ်ယောက်က လှမ်းအော်ပြောလာတယ်။

"အရှင့်သား ဝမ်ဖေးရဲ့မင်္ဂလာပဝါကို မလှန်ပေးရသေးပါဘူး။ မင်္ဂလာအိမ်တော်မှာ ပဝါမလှန်ခဲ့ရင် နမိတ်မကောင်းဘူး!"

သူမ လှမ်းအော်ပြောနေပေမဲ့လည်း ရှဲ့ရွှမ်းကျီကတော့ မကြားနိုင်ဘူးဖြစ်နေတယ်။ ဘေးနားက ဧည့်သည်တွေလည်း ဘယ်သူမှ မင်္ဂလာကုတင်ပေါ် သတို့သမီးထိုင်နေဆဲဆိုတာ သတိမရကြတော့ဘူး။ အိမ်တော်ပါအစေခံလည်း ထိတ်လန့်ကြောက်ရွံ့သွားပြီး ကျန်းမင်ဝေ့ရှေ့ ဒူးထောက်ငိုရင်း

"ဝမ်ဖေး ကျွန်တော်မျိုးမတို့ ဘယ်လိုလုပ်ကြမလဲ"

ကျန်းမင်ဝေ့လည်း တဆတ်ဆတ် တုန်ယင်နေတော့တယ်။ သူမကို ပဝါလွှမ်းပေးထားတာကြောင့် သူမရှေ့မှာ ဘာတွေဖြစ်နေလဲ သေချာမမြင်ရချေ။ ဒါပေမဲ့ ပဝါကြားက အဟလေးကနေ ကြည့်တာတောင် မြင်ကွင်းက ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်နေလဲ သိနိုင်တယ်။ ကျန်းမင်ဝေ့ကို အံကြိတ်ရင်း ကြိတ်မနိုင်ခဲမရဖြစ်နေပေမဲ့လည်း နောက်ဆုံးကျ သေရမှာကြောက်စိတ်က ကံကောင်းရဖို့ထက် ပိုကြီးစိုးလာတယ်။ သူမ ပဝါကို ကိုယ်တိုင်ပဲ တစ်ခါတည်း လှန်ပစ်လိုက်ပြီး

"အဲ့တာတွေ ငါ ဂရုမစိုက်ဘူး။ လောလောဆယ် အသက်ရှင်ဖို့က ပိုအ‌‌ရေးကြီးတယ်။ ပုန်းဖို့နေရာလိုက်ရှာ!"

.........

ရှဲ့ရွှမ်းချန် နိုးလာတယ်ကြားကတည်းက တစ်ခုခုတော့ မှားနေပြီမှန်း မုမင်ထန် သိလိုက်တယ်။ ရှဲ့ရွှမ်းကျီနဲ့အစောင့်တွေ ပြောနေကြတာလည်း နားမထောင်နိုင်တော့ဘဲ သူမ တစ်ခါတည်း စကတ်ကို မ ကာ အိမ်တော်ဆီ ပြေးထွက်လာခဲ့တော့တယ်။ ဒီနေ့ပွဲကို သူမ တစ်ယောက်တည်း လာလို့မသင့်တော်တာကြောင့် ဘေးမှာ အစေခံနှစ်ယောက်လည်း လိုက်လာတယ်။ သူမ ထွက်ဖို့လုပ်နေတာမြင်တော့ အစေခံနှစ်ယောက်က ချက်ချင်းပဲ ဘယ်ကမှန်းမသိ ထွက်လာကြသလို အစောင့်နှစ်ယောက်ကလည်း သူမကို ကာကွယ်ပေးဖို့ဆိုပြီး ရောက်လာပြန်တယ်။

သူမနောက်က တန်းလန်းတန်းလန်း လိုက်လာတဲ့သူတွေကိုလည်း မုမင်ထန် ဂရုမစိုက်အားဘူး။ သူမ ဘယ်နေရာပဲ ရောက်နေပါစေ ဘေးလူတွေ ရှိရှိမရှိရှိ ပွဲလာလူအုပ်ထဲကနေ သူမ ရအောင် ထွက်နိုင်တယ်။ ကျင်းဝမ်နဲ့ ကျင်းဝမ်ဖေးတို့ရဲ့ မင်္ဂလာပွဲကျင်းပရာနေရာကို အစောင့်တွေက စိတ်ရှိသလို မဝင်ထွက်နိုင်ချေ၊ ဒါပေမဲ့ သူမ စိုးရိမ်ပြီး ပြေးထွက်တဲ့အချိန်မှာပဲ အစောင့်နှစ်ယောက်က လှမ်းမြင်လိုက်ပြီး တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရကြတယ်။ အစောင့်တစ်ယောက်က မုမင်ထန်ကို လက်ကနေ ဖမ်းဆွဲပြီး အေးစက်စက်နဲ့

"ဝမ်ဖေးကို ကာကွယ်ဖို့က ကျွန်တော်မျိုးရဲ့တာဝန်ပါ။ ကျေးဇူးပြုပြီး ဟိုဒီလျှောက်ပြေးလွှားမနေပါနဲ့"

မုမင်ထန် အလျင်စလိုနဲ့ ပြေးထွက်ပေမဲ့ ဘယ်လိုမှ ထွက်မရဘူးဖြစ်နေတယ်။ သူမ စိတ်တိုလာပြီး

"လမ်းဖယ်ကြစမ်း၊ အရှင့်သား တစ်ခုခု ဖြစ်နေပြီ!"

သူမပြောတဲ့အရှင့်သားက ကျင်းဝမ်လို့ မယုံနိုင်ဘူး။ အစောင့်နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက်လှမ်းကြည့်လိုက်ကြတယ်။ သူတို့အကြည့်တွေထဲ ကြောက်ရွံ့ခြင်းနဲ့ သံသယတွေကို မြင်နေရတယ်။

"ဝမ်ဖေး ဒါ တကယ်ပဲလား"
____________________________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now