စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I'll Be the Male Lead's Sister-in-Law
Chapter 40
Translator – Utopiaရှဲ့ ရွှမ်းချန် စိတ်မရှည်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့လက်တွေကို သံလက်ထိတ်ခတ်ထားတာမို့ လွတ်လွတ်လပ်လပ်လှုပ်လို့ မရပြန်ဘူး။
"ငါ မင်းနာမည်ကို မေးနေတာ"
"ဟမ်?" မုမင်ထန် အံ့ဩသွားပြီး မော့ကြည့်လိုက်တယ်။ ရှဲ့ရွှမ်းချန်ရဲ့အကြည့်က စိတ်မရှည်တဲ့ပုံပေါ်နေတာ တွေ့တဲ့အခါ အမြန်ပဲ
"ကျွန်မနာမည်က မုမင်ထန်ပါ"
'ကျွန်မရဲ့တကယ့်မျိုးရိုးနာမည်က မုပါ' .... ရှဲ့ရွှမ်းချန် ပြန်တွေးကြည့်နေတယ်။ ဘာလို့ သူက သူမရဲ့မျိုးရိုးကို သိဖို့ အာရုံစိုက်နေတာပါလိမ့်? မသိရင် အစောကတည်းက သူမနာမည်ကို သိနေသလိုမျိုး။
သူ ဘာတွေးနေလဲဆိုတာ သူမလိုက်စဥ်းစားကြည့်ဖို့ မလုပ်ရဲတာကြောင့် အမြန်ပဲ အတွေးလက်စကို ဖြတ်လိုက်တယ်။ သူမက ကုတင်ခြေရင်းကခုံပေါ်မှာ ထိုင်နေပြီး ရှဲ့ရွှမ်းချန်ကတော့ အိပ်ရာကို မှီပြီး ထိုင်နေတယ်။ သူတို့ပုံစံက ရန်ဖြစ်ထားကြတဲ့ စုံတွဲတွေလိုပဲ။မုမင်ထန် နှုတ်ခမ်းကို ကိုက်လိုက်ရင်း ခပ်တိုးတိုး မေးလာတယ်။
"ဝမ်ရယ် .... အဲ့တာဆို ကျွန်မ ...."
ရှဲ့ရွှမ်းချန် သူမကို လှည့်ကြည့်လာတယ်။ သူ အချိန်အတော်ကြာ စောင့်နေခဲ့ပေမဲ့ သူမကတော့ ဘာစကားမှ ထပ်မပြောလာခဲ့ချေ။ နောက်ဆုံးကျ သူ စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်ပြီး
"ပန်ဝမ်ကကော?"
မုမင်ထန် ရှက်သွားတယ်။ သူမက မိန်းကလေးတို့ဂုဏ်သိက္ခာဆိုတာတွေဘာတွေ သိပ်ဂရုစိုက်တဲ့သူ မဟုတ်တော့ ဒီအခွင့်အရေးမှာ သူ့ကို ဒဲ့ပဲ မေးလိုက်တော့တယ်။
"ဝမ်ရယ်ကော ကျွန်မတို့ရဲ့မင်္ဂလာပွဲကို ဘယ်လိုသဘောထားပါလဲ"
"ပန်ဝမ် နိုးလာတော့ ဇနီးတစ်ယောက် ရနှင့်နေပြီးပြီ။ ဒါလည်း သိပ်မဆိုးပါဘူး။ ကိုယ့်ဟာကိုယ် ရှာနေစရာမလိုတော့ဘူးပေါ့"
ရှဲ့ရွှမ်းချန်က ပြောရင်း ပြုံးလိုက်တယ်။ သူ့မျက်ဝန်းထောင့်က မှဲ့လေးက မိန်းကလေးတစ်ယောက်သာဆို မနာလိုရလောက်အောင် လှလိုက်မယ့်ဖြစ်ချင်း။ ဒါပေမဲ့ သူ့မျက်နှာပေါ်မှာတော့ လှတယ်ဆိုတာထက် ပါးနပ်ရက်စက်တဲ့အသွင်ကို ဆောင်နေတယ်။